မိုးရွာသွန်းမှုပြင်းထန်ခြင်းကြောင့် အရှေ့ပိုင်းဌာနချုပ်ဘက်ရှိ ချောင်းရေအနားမှာရှိတဲ့ ပါကထောင်စစ်ဘေးရှောင်စခန်းရဲ့စိုက်ခင်းများနဲ့ အိမ်သာများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ မိုးရွာသွန်းမှု ဆက်လက်ပြင်းထန်နေပါက ချောင်းနဘေးရှိ စစ်ဘေးရှောင်ပြည်သူများရဲ့နေအိမ်၊ စိုက်ခင်းတွေက် ဆက်လက်ပြိုကျနေအုံးမှာဖြစ်သလို စစ်ဘေးရှောင်ပြည်သူများနေထိုင်ဖို့ ခက်ခဲလာမှာဖြစ်တာကြောင့် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပါကထောင်စစ်ရှောင်စခန်း တာဝန်ခံ မရန်ဘရန်ဆိုင်းက ပြောပါတယ်။ မိုးရာသီဖြစ်တာကြောင့် နမ့်ဝါချောင်းအနီးရှိ စစ်ဘေးရှောင်ပြည်သူများကို စခန်းတာဝန်ရှိသူများက သတိဝိရိယရှိစွာ နေထိုင်ကြဖို့ သတိပေးမှုတွေရှိကာ ရေကြီးမှုတွေဖြစ်ပေါ်လာပါက ရေဘေးလွတ်နိုင်တဲ့ နီးစပ်ရာ ဆွေးမျိုး အသိမိတ်ဆွေနေအိမ်များသို့ တိမ်းရှောင်ကြဖို့ ပြင်ဆင်ထားတယ်လို့ စခန်းတာဝန်ရှိသူများက ဆိုပါတယ်။ လွန်ခဲ့သောနှစ်များတွင်လည်း ပါကထောင်စခန်းတွင် မိုးရွာသွန်းမှုများပြားလျှင် ရေကြီးမှုဖြင့် နေအိမ်တချို့ရေထဲကို ပြိုကျမှုတွေရှိခဲ့ဘူးကြောင်း သိရှိပါတယ်။