ပါကထောင်စစ်ဘေးရှောင်စခန်းရှိ ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်ပေးမည်

ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဌာနချုပ် မိုင်ဂျာယန်မြို့အတွင်းရှိ ပါကထောင်စစ်ဘေးရှောင်စခန်းမှ ပျက်စီးသွားတဲ့ နေအိမ်များကို Wunpawng Ninghtoi (WPN) အဖွဲ့နဲ့ ဂရုနာအဖွဲ့များက နေအိမ်အသစ်ပြန်လည် ဆောက်လုပ်ပေးသွားဖို့ ရှိနေပါတယ်။

စစ်ဘေးရှောင်နေအိမ်များကို ဩဂုတ်လ ကတည်းက တည်ဆောက်လာတာဖြစ်ပြီး ပျက်စီးသွားဖို့ နေထိုင်ဖို့မဖြစ်နိုင်တော့တဲ့ နေအိမ်ပေါင်း (၈၀) အတွက် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် လက်ရှိအချိန်တွင် စစ်ဘေးရှောင်များကို အကူအညီပေးနေမှုတွေ လျော့ကျသွားတာကြောင့် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။

“ကျတော်တို့စစ်ဘေးရှောင်မှာက ပိုက်ဆံရှာဖို့လည်းမဖြစ်နိုင်ဘူး ကလေးတွေကို ကျောင်းထားဖို့လည်း မတတ်နိုင်ဘူး အပြင်ထွက်အလုပ်လုပ်ဖို့ကလည်း ပိုမိုခက်ခဲလာတဲ့အခြေအနေဖြစ်နေတဲ့ကြားမှာ အကူအညီပေးတာတွေကလည်း လျော့နည်းလာပြီး WPN နဲ့ ဗန်းမော်က ဂရုနာအဖွဲ့အနေဖြင့် ဆန် ဆီ ဆားကို တစ်ခါတစ်လေ ကူညီတာတွေတော့ ရှိနေပါသေးတယ်” လို့ ပါကထောင်စစ်ဘေးရှောင်စခန်း အတွင်းရေးမှူး ဦးမရန်ဘရန်ဆိုင်း ကပြောပါတယ်။

ပါကထောင်စစ်ဘေးရှောင်ပြည်သူများက ၂၀၁၁ ခုနှစ်ကတည်းက စစ်ဘေးရှောင်နေခဲ့ရတာဖြစ်ပြီး လက်ရှိစခန်းအတွင်း အိမ်ထောင်စု (၅၉၀) အထိရှိနေပါတယ်။

Leave a Reply

*