ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လမ်းညွန်ချက်ဖြင့် အမျိုးသားကောလိပ်ကျောင်းတွင် ဂျာနယ်လစ်ဇင်ပညာရပ် ဒီပလိုမာအတန်း ပထမဆုံးအကြိမ်အဖြစ် ဂျာနယ်လစ်ဇင် ဒီပလိုမာလက်မှတ် ပေးအပ်ချီးမြင့်ခြင်းကို စက်တင်ဘာ ၄ ရက်နေ့က မိုင်ဂျာယန်မြို့၊ အမျိုးသားကောလိပ်ကျောင်းဝင်းတွင် ပြုလုပ်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ ဆရာအချို့က အွန်လိုင်းဖြင့် ကျောင်းဆင်ပွဲကို ပါဝင်ဆင်နွဲခဲ့ကာ သတင်းပြန်ကြားရေးတာဝန်ခံနဲ့ ဆရာဖြစ်တဲ့ ဒေါက်တာရော်နယ်အောင်နိုင်တို့က အွန်လိုင်းဖြင့် အဖွင့်အမှာစကားပြော ကြားခဲ့ကြပါတယ်။
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ၂၁ရာစုမှာ သတင်းမီဒီယာဟာ အရေးပါတဲ့အရာတစ်ခုဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး နန်းဇိန်းလုအော့ ကပြောပါတယ်။
ဂျာနယ်လစ်ဇင် ဒီပလိုမာသင်တန်း ကျောင်းသာ ၁၂ ဦးရှိကာ ထိုထဲမှ ၇ ဦးသာ ဒီပလိုမာလက်မှတ် လက်ခံရယူနိုင်ခဲ့ကာ ကျန် ၅ ဦးကတော့ ကျောင်းဆင်းလက်မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။
ဂျာနယ်လစ်ဇင် ဒီပလိုမာသင်တန်းကို မိုင်ဂျာယန်အမျိုးသားကောလိပ်ကျောင်းမှာ ၂၀၁၉ ခုနှစ်ကစတင်ပြီး သင်ကြားနေတာပဲ ဖြစ်ပါတယ်။