ပင်လယ်ဘူးမြို့နယ် ၂ ရက်တိုက်ပွဲတွင် စစ်ကောင်စီ ၄၀ ထက်မနည်း သေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာနှင့် ဆားတောင်ပုံကျေးရွာကြား စက်တင်ဘာလ ၂၄ ရက် ၁၁ နာရီ ၅၀ မိနစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြီးကြပ်တဲ့ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး PDF နဲ့ အင်အား ၁၀၀ ခန့်ရှိတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

ထိုတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားစွာဖြင့် စစ်ကောင်စီတပ်ဖွဲ့ဆုတ်ခွာသွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ကတော့ ၅ ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ RPG ၁ လက်၊ ၆၀ မမ ၁ လက်၊ ခြင်းကြားအလုံး ၅၀ နှင့် လက်နက်ငယ်များ သိမ်းဆည်းရမိကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့တွင်လည်း ပင်လယ်ဘူးမြို့နယ် မူးမြစ်တံတားပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး ပေါင်ကျိုးသွားကာ လက်နက်အများအပြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ် စက်တင်ဘာ ၂၂ ရက်နဲ့ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၀ ထက်မနည်း သေဆုံးမှုရှိခဲ့ကာ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းနိုင်ခဲ့ကြပါတယ်။

Leave a Reply

*