နှစ် (၆၀) ပြည့် ကချင်တော်လှန်ရေးနေ့ကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲကျင်းပ

ကချင်တော်လှန်ရေး နှစ်ပေါင်း (၆၀) ပြည့်မြောက်ခြင်းအဖြစ် တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပမယ့် အားကစားပြိုင်ပွဲစတင်ခြင်းကို ဇန်နဝါရီ ၂၅ ရက်နေ့က လိုင်ဇာမြို့ ဇွပ်အောင်အားကစားကွင်းတွင် ဘောလီဘောနဲ့ ခြင်းလုံးပြိုင်ပွဲများဖြင့် အစပြုလိုက်ပါတယ်။

အားကစားပြိုင်ပွဲကို အထွေထွေအုပ်ချုပ်ရေးဌာနရှိ အားကစားကော်မတီက ဦးဆောင်ခြင်းဖြစ်ကာ အားကစားအမျိုးအစားများစွာကို ထည့်သွင်းယှဉ်ပြိုင်သွားစေမှာဖြစ်ပြီး ဖူဆယ်၊ ဘောလီဘောနဲ့ ခြင်းလုံးကို အဓိကထားပြိုင်ဆိုင်စေမှာဖြစ်ကာ အခြားသောအရာများကိုလည်း ယှဉ်ပြိုင်သွားစေမှာဖြစ်ပါတယ်။

“နှစ် ၆၀ ပြည့် ကချင်တော်လှန်ရေးနေ့ကို ကျတော်တို့ဂုဏ်ပြုတယ်၊ ကြိုဆိုသောအားဖြင့် အစီအစဉ်တွေကို ရေးဆွဲလုပ်ဆောင်ရာမှာ အစီအစဉ်တစ်ခုအနေဖြင့် ဒီအားကစားပြိုင်ပွဲကို ထည့်သွင်းခြင်းဖြစ်ပါတယ်” လို့ လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး ဝါ့လာဂွမ်ဂျာဒူကပြောပါတယ်။

ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်တာကြောင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များဖြင့် လုပ်ဆောင်အကောင်အထည်ဖော်ဖို့ ဌာနအသီးသီး ပြည်သူများကလည်း စိတ်အားထက်တန်စွာ အားကစားပြိုင်ပွဲတွင် ပါဝင်ကြဖို့လည်း ဆော်ဩထားပါတယ်။

Leave a Reply

*