ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အသင်းသူအသင်းသားများအနေဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေအရ အသင်းသူအသင်းသားများထဲက နိုင်ငံဝန်ထမ်းများအနေဖြင့် CDM လို့ခေါ်တဲ့ Civil Disobedience Movement ကို ဌာနပေါင်းစုံမှ ဝန်ထမ်းများ အလုပ်မသွား၊ ရုံးမတက်၊ ခွင့်မတိုင်၊ အိမ်ကနေရုံးအလုပ်လုပ်ခြင်းများလည်း မပြုလုပ်ပဲ ဒီလှုပ်ရှားမှုတွေ ပါဝင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အသင်းတော်က ဦးဆောင်ပြီး သော်လည်းကောင်း အသင်းသူအသင်းသားများအနေဖြင့် မိမိရှိရာနေရာတွင် မနက် ၆ နာရီ၊ နေ့လည် ၁၂ နာရီနဲ့ ညနေပိုင်း ၆ နာရီအချိန်များတွင် ဆုတောင်းကြဖို့နဲ့ ဆန္ဒပြမှုများတွင်လည်း အခြားသောတူညီတဲ့အဖွဲ့အစည်းများဖြင့် ပူးပေါင်းပါဝင်ကြဖို့အပြင် မိမိအသင်းတော်ဝင်များတွင်လည်း အဆင်ပြေတဲ့နည်းလမ်းများဖြင့် လုပ်ဆောင်ကြဖို့ ဆော်ဩထားပါတယ်။
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်အနေဖြင့်လည်း စစ်တပ်ရဲ့ အာဏာရယူမှုကို ဝမ်းနည်းစိတ်ပျက်မိကာ နှစ်ခြင်းယုံကြည်သူ အသင်းသူအသင်းသားများအနေဖြင့် နိုင်ငံတော်သာယာအေးချမ်းစေဖို့ Civil Disobedience Movement တွင်ငြိမ်းချမ်းစွာပါဝင်ပြီး ထောက်ပံ့ကြဖို့နိုးဆော်ထားပါတယ်။