ဒေါ့ဖုန်းယန်မြို့နယ် နွမ်လန်းကျေးရွာအနီး ယနေ့ ဇူလိုင် ၁၅ ရက်နေ့က အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းခံထားရတဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အဓမ္မပြုကျင်ပြီး အလောင်းဖျောက်ဖျက်ခြင်းခံထားရတဲ့ အမျိုးသမီးကတော့ နွမ်လန်းကျေးရွာ ဦးလောင်ရိန်ရဲ့ ဇနီးဖြစ်တဲ့ ဒေါ်မခေါ်ရွယ် (အသက် ၅၀) ကျော်ရှိသူဖြစ်ကာ ဇူလိုင် ၁၄ ရက်နေ့က ခါ့ဒေါင်ပါလယ်တောဘက် အလုပ်လုပ်နေတဲ့ အမျိုးသားကို ထမင်းသွားရောက်ပို့ဆောင်ဖို့ နေအိမ်မှ ထွက်လာစဉ် ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။
အမျိုးသမီးနေအိမ်ပြန်လည်မရောက်ရှိလာခြင်းကြောင့် ဦးလောင်ရိန်နဲ့ သားသမီးများက အနီးဝန်းကျင်ရှာဖွေစဉ် ဇူလိုင် ၁၅ ရက်နေ့မှာတော့ တောတွင်းတစ်နေရာတွင် အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ထားတဲ့အလောင်းကိုသာ ရှာဖွေနိုင်ခဲ့ကာ အလောင်းကိုစစ်ဆေးဖို့ ဗန်းမော်ဆေးရုံဘက်ပို့ဆောင်ထားကြောင်း သိရပါတယ်။
ဒေါ်မခေါ်ရွယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်လိုက်ခြင်းကို မည်သူလုပ်ဆောင်ကြောင်း အတိအကျမသိရှိရသေးပေမယ့် ထိုဒေသအနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ် ခမရ (၄၃၈) အဖွဲ့ စစ်ရေးလှုပ်ရှားသွားလာနေခြင်းကြောင့် ထိုစစ်ကြောင်းထဲမှ ဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
လွန်ခဲ့သော ၂ နှစ်တုန်းကလည်း နွမ်လန်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင်သတ်ဖြတ်လိုက်တဲ့ ကိစ္စရပ်ဖြစ်ပွားခဲ့ဘူးပြီး လက်ရှိအချိန်အထိ ကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးပါဘူး။