ဖားကန့်လမ်းပိုင်း လုံးခင်းအထွက် ၆ မိုင်တွင် ယနေ့ မေလ ၄ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်တွင် ခရီးသွားလာနေတဲ့ နောင်းနန့်ဓမ္မတက္ကသိုလ်ကျောင်းသားတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်မှ လိုက်လံပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ထိုကျောင်းသားက ကျောက်ဖျာကျေးရွာမှဖြစ်ပြီး မြစ်ကြီးနားမြို့ နောင်းနန့်ရှိ ကချင်ဓမ္မတက္ကသိုလ်တွင် ဓမ္မပညာနောက်ဆုံးနှစ်ပြီးမြောက်ပြီး ကျောင်းဆင်းပွဲပါဝင်ဖို့ ခရီးသွားရောက်စဉ် စစ်ကောင်စီတပ်မှ သေနတ်ဖြင့်လိုက်လံပစ်ခတ်တာကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
“KIA တပ်နဲ့ စစ်ကောင်စီတပ်တွေ ဖားကန့်မြို့ ၆ မိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာ စစ်တပ်က ဘယ်သူ့ကိုမှ ဖြတ်သန်းခွင့်မပေးဘူး မသွားခိုင်ဘူး အဲ့အချိန် ကောင်လေးက မကြားလိုက် မသိလိုက်တော့ ဖြတ်သွားတာအဲ့ချိန် လိုက်ပစ်တယ်လို့ ကြားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဒဏ်ရာရရှိတဲ့သူကို မြစ်ကြီးနားဆေးရုံဘက် ပို့ဆောင်ပြီး ဆေးဝါးကုသမှုခံယူနေကြောင်း သိရပါတယ်။