ပူတာအိုခရိုင် နောင်မွန်းမြို့တွင် ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံဖြင့် မြန်မာနိုင်ငံအမြန်ဆုံး ငြိမ်းချမ်းလာနိုင်ဖို့ မတ်လ ၃ ရက်နေ့က နောင်မွန်း ရိုးရာယဉ်ကျေးမှုခန်းမဆောင်တွင် ဂိုဏ်းပေါင်းစုံအထူးဆုတောင်းခြင်း အခမ်းအနားပြုလုပ်ခဲ့ကြတဲ့ သိက္ခာတော်ရဆရာတော် ဂိုရှန်ဆင်ဆားရ် (နှစ်ခြင်းခရစ်ယာန်အသင်းတော်) ၊ သိက္ခာတော်ရဆရာတော် ဇဂေါန်ထီန (ခရစ်တော်၏အသင်းတော်)နဲ့ သိက္ခာတော်ရဆရာတော် မဟောင်ဒီး (ရဝမ်နှစ်ခြင်း အသင်းတော်) ဆရာတော် သုံးဦးကို ဇွန်လ ၂၈ ရက်နေ့တွင် ပုဒ်မ (၅၀၅/က) ဖြင့် အမှုဖွင့် တရားစွဲဆို ဖမ်းဆီးခြင်း ခံလိုက်ရတာဖြစ်ပါတယ်။

နောင်မွန်မြို့မှ ဆရာတော် သုံးဦးကို တရားစွဲဆိုထားသူကတော့ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ရဝမ်ရေးရာဝန်ကြီးနေရာ ဝင်ရောက် ယှဉ်ပြိုင်သူ ဦးမရစ်ယောရှုနဲ့ ဦးထုံဖူးဒဂုဏ် (ရဝမ်စာပေနှင့်ရိုးရာယာဉ်ကျေးမှုကော်မတီ ဥက္ကဌ) တို့နှစ်ဦး ဖြစ်ကာ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်သူတွေဖြစ်ပါတယ်။
ယနေ့မှာတော့ ထိုဆရာတော် သုံးဦးကို ရမန်ရယူကာ ပူတာအိုမြို့နယ် နမ်ဟော့ အကျဉ်းထောင်ဘက် ပို့ဆောင်းလိုက်သလို ရုံးချိန်းကိုတော့ ဇူလိုင် ၁၂ ရက်နေ့ သတ်မှတ်ထားပြီး မတရားဖမ်းဆီးခံထားရတဲ့ ဆရာတော် ၂ ဦးတွင် ရောဂါအခံများရှိကာ ကျန်းမာရေးစိုးရိမ်စရာရှိကြောင်းလည်း ဒေသခံများထံမှ သိရပါတယ်။