နောင်ဆွေတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နောင်ဆွေကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာ ၁ ရက်နေ့ မနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, KPDF ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က အိမ်စီးကား ၂ စီးဖြင့် ကွတ်ခိုင်မြို့ဘက်ကနေ မူဆယ်ဘက် သွားလာနေချိန် နောင်ဆွေ အထက်အရောက်တွင် IA, KPDF ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့ပြီး ကားတစ်စီးလည်း ပျက်စီးသွားတာကြောင့် အနီးဝန်းကျင်ဘက် လက်နက်များဖြင့် ရမ်သမ်းပစ်ခတ်နေခဲ့တာကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ယမန်နေ့ကလည်း မုံးကိုးဒေသ ပျဉ်ခွယ်ကျေးရွာဟောင်းအနီးရှိတောင်တွင် အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၉၉) စစ်ကြောင်းကို ကေအိုင်အေတပ် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသများရှိ ကေအိုင်အေတပ်စခန်းနဲ့ ထိစပ်နယ်မြေများတွင် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အား လက်နက်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများပြားလာခြင်းကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

Leave a Reply

*