မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာတာ အချိန်ကြာလာတာနဲ့အမျှ စီးပွားရေးထိခိုက်မှုတွေကလည်း များပြားစွာဖြစ်ပေါ်လာနေတာကို တွေ့မြင်နေရတာကြောင့် နေထိုင်မှုပုံစံအသစ်များဖြင့် အရာရာတိုင်းတွင် မလွဲမတွေလိုက်နာလုပ်ဆောင်ကြရတော့မှာပဲ ဖြစ်ပါတယ်။

နိုင်ငံတွင်း ကိုဗစ် ဒုတိယလှိုင်းကျရောက်နေခြင်းကြောင့် အသွားအလာကန့်သတ်မှုတွေ နယ်နိမိတ်ကန့်သတ်မှုတွေ လူစုလူဝေးမဖြစ်ပေါ်စေဖို့ လုပ်ငန်းများရပ်ဆိုင်ထားရခြင်းကလည်း ရင်းနှီးမြုပ်နှံသူများအတွက် အခက်တွေ့စေခဲ့ကာ ကိုဗစ်-၁၉ ရောဂါကလည်း တကမ္ဘာလုံးဖြစ်ပွားနေပြီး လူသားများနဲ့အတူ ယှဉ်တွဲနေထိုင်ကြရတော့မှာလဲ ဖြစ်ပါတယ်။
လက်ရှိကိုဗစ်-၁၉ ရောဖြစ်ပွားမှုနှုန်းက ယခင်ထက် အနည်းငယ်လျော့နည်းလာကာ ယနေ့အထိ ပိုးတွေ့လူနာ ၁၁၇၉၄၆ ဦးဖြစ်ကာ ဆေးရုံဆင်းခွင့်ရရှိသူကတော့ ၉၇၈၁၉ ဦးဖြစ်ပြီး သေဆုံးသူကတော့ ၂၄၈၄ ဦးအထိရောက်ရှိသွားပြီဖြစ်ကာ အများပြည်သူကတော့ ကာကွယ်ဆေးရရှိရေးအတွက် မျှော်လင့်ချက်များဖြင့် ရှေ့ဆက်လျှောက်လှမ်းကြရတော့မှာပါ။