နိုင်ငံရေးအခက်ကြုံနေချိန် တရားမဝင်ရွှေတူးဖော်မှုတွေ တိုးများလာ

နိုင်ငံရေး မတည်မငြိမ်ဖြစ်နေမှုကို အခွင့်ကောင်းယူပြီး မလိခမြစ်ကြောင်း တစ်လျှောက်တွင် ရွှေတူးဖော်သူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရပါတယ်။

ရွှေတူးဖော်တဲ့ သူဌေးများက ၂၀၂၁ ခုနှစ်က အစိုးရနဲ့သတ်မှတ်ထားတဲ့ မြေနေရာထက်ကျော်လွန်ပြီး စက်ကြီးများဖြင့် တူးဖော်တာတွေ လုပ်ဆောင်လာသလို ဆွမ်ပရာဘွမ်ခရိုင်အတွင်းရှိ ဖုန်အိန်ချောင်းနဲ့ ဖုန်ကျန်ချောင်းကြားတွင် စစ်ဆေးမှုများမရှိတာကြောင့် အတာအဆီးမရှိ စည်းကမ်းပျက်စွာ တူးဖော်ခြင်းကြောင့် ဒေသခံများ မလိုလားကြောင်း ကန့်ကွက်ဆန့်ကျင်ခဲ့ကြတာတွေလည်း ရှိနေပါတယ်။

မေလ ၁၇ ရက်နေ့မှာလည်း ပူတာအိုခရိုင် ဆွမ်ပီယန်ကျေးရွာတွင် တရာမဝင် ရွှေတူးဖော်တာတွေ ရပ်ဆိုင်းဖို့ ကျေးရွာသား ၁၀၀ ကျော် ပါဝင်ပြီး ကန့်ကွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကာ တဲအိမ်များကို မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ တရားမဝင်ရွှေတူးဖော်နေတဲ့ နေရာများက ကျေးရွာပြည်သူများအနေဖြင့် ပွင့်လင်းရာသီတွင် မလိခမြစ်ကြောတလျှောက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်စားသောက်ကြတာဖြစ်ခြင်းကြောင့် ယခုလို ပျက်ဆီးသွားခြင်းကို လက်မခံနိုင်ပဲ ကန့်ကွက်မှုတွေလည်း ကြိမ်ဖန်များစွာ လုပ်ဆောင်ခဲ့ပြီးကြောင်း သိရပါတယ်။

Leave a Reply

*