ကေအိုင်အိုထိန်းချုပ်နယ်မြေ ရှအစ်ယန်စစ်ဘေးရှောင်စခန်းနဲ့ ဖုန်လွန်ယန်စခန်းတွင် Gender Based Violence (GBV) , Kachin Development Group (KDG), နဲ့ Youth Center တို့အတူပူးပေါင်းပြီး နိုင်ငံတကာလူငယ်များနေ့ကို ဩဂုတ်လ ၈ ရက်နေ့က ပြလုပ်ခဲ့ပါတယ်။
ယခုလို International Youth Day ပြုလုပ်ခြင်းက အမျိုးသမီး အမျိုးသားခွဲခြားခြင်းဖြစ်ရပ်များလျော့ကျလာဖို့၊ လူငယ်တွေ ပညာရေး စီးပွားရေးနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျလာဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
“အမျိုးသမီး အမျိုးသား ခွဲခြားဆက်ဆံခြင်းတွေ လျော့ပါးသွားဖို့နဲ့ လူငယ်တွေ ပညာရေး စီးပွားရေး လုံခြုံမှုရှိရေး၊ လူ့အခွင့်အရေးတွေ၊ ကျန်းမာပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးစတဲ့အရာတွေမှာ တိုးတက်လာဖို့နဲ့ ညှင်းပန်းနှိပ်စက်ခြင်း၊ မညီမျှမှုတွေ မူးယစ်ဆေးဝါးသုံးစွဲတာတွေ လျော့နည်းသွားဖို့အတွက် နိုင်ငံတကာလူငယ်များနေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေခြင်းဖြစ်ပါတယ်” လို့ GBV အဖွဲ့တာဝန်ခံ ဆရာမဖောင်ဒေါ့ နူးရာ ကပြောပါတယ်။
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာလဖြစ်တာကြောင့် အပြင်ထွက်သွားလာခြင်းများကို ရက်ပေါင်းများစွာ မပြုလုပ်နိုင်ခြင်းကြောင့် လူငယ်များရဲ့ စိတ်ဓတ်ရေးရာတွေမှာ ထိခိုက်မှုတွေရှိလာခြင်းကိုလည်း အသိပညာပေးခြင်းတွေနဲ့ လူငယ်တွေကို စည်းရုံးဖို့ လိုအပ်နေတယ်လို့ ဆရာမကပြောပါတယ်။
ရှအစ်ယန်စစ်ဘေးရှောင်စခန်းမှာတော့ လူငယ်များနေ့ကို ၂ ရက်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဖုန်လွန်ယန်မှာတော့ ဩဂုတ်လ ၈ ရက်နေ့တစ်ရက်တည်းသာ ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားများကို နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများတွင် ၂၀၁၈ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။