နမ္မတီးမြို့တွင်း ခိုးဆိုးလုနိုက်မကြာခဏဖြစ်ပေါ်

နမ္မတီးဒေသတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိတာ ကြာရှည်လာတာကြောင့် မူးယစ်ဆေးသုံးစွဲသူနဲ့ ခိုးဆိုးလုနိုက်ဖြစ်ပွားမှု ပြဿနာတွေ မကြာခဏဆိုသလို ဖြစ်ပွားနေကြောင်း ပတ်ဂျီဆန်အဖွဲ့ထံမှ သိရှိရပါတယ်။ ယခုလိုဖြစ်ပွားရခြင်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နည်းတစ်ဖုံဖြစ်ပွားရခြင်းဖြစ်ကာ မူးယစ်နှိမ်နှင်းရေး လုပ်ဆောင်နေသူ အများစုက လက်ရှိအချိန်တွင် လယ်ယာစိုက်ခင်းလုပ်ငန်းခွင်ဝင်ရောက်ဖို့ အချိန်ကျရောက်တာဖြစ်တာနဲ့အညီ မိသားစုအတွက် လုပ်ငန်းလုပ်ဆောင်ရမှာဖြစ်တာကြောင့် နှိမ်နှင်းရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ခြင်းကြောင့် ဒေသတွင်း ခိုးဆိုးလုနိုက်ဖြစ်မှုများပြားလာတာကြောင့် ဒေသခံများ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ “ဒီအတောအတွင်း အချို့တွေကတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ဝင်ကုန်ကြတော့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ အိမ်တစ်ချို့မှာ အိမ်ပစ္စည်းတွေ၊ ဆိုင်ကယ်၊ ကြက်စတာတွေ ခိုးမှုတွေရှိပြီး ပိုဆိုးလာသလိုပါပဲ” လို့ လမ့်ဘရော့ယန် မူးယစ်ဆေးဝါးနှိမ်နှင်းရေးခေါင်းဆောင် သိက္ခာတော်ရဆရာ မရန်ယော်ထုန် ကပြောပါတယ်။ ဇွန်လ ၂၈ ရက်နေ့တုန်းက လမ့်ဘရော့ယန်ကျေးရွာအတွင်း မူးယစ်ဆေးဝါးသုံးဆွဲတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုင်ကယ်ခိုးတာကြောင့် ဖမ်းဆီးရမိခဲ့ကာ လက်ရှိအချိန်တွင် မူးယစ်နှိမ်နှင်းရေးအဖွဲ့မှ သွန်သင်ဆုံးမဖို့ မူးယစ်ဆေးတိုက်ဖျက်ရေးနေရာဖြစ်တဲ့ ဝန်ပေါင်ရှနန်အဖွဲ့သို့ ပို့ဆောင်ထားပါတယ်။

Leave a Reply

*