နမ်ခမ်းကျေးရွာ အနီး တိုက်ပွဲ ပြင်းထန်

မတ်လ(၉ )ရက် နေ့လည် ၂း၂၀ နာရီအချိန်တွင် တနိုင်းဒေသ၊ နမ်ခမ်းကျေးရွာတွင်ရောက်ရှိနေသောမြန်မာတပ်သည် ကေအိုင်အေ တပ်ရင်း(၁၄)ဌာနချုပ်ကုန်းဖက်သို့ချီတက်လာရာ နမ်မနာချောင်းတံတားအနီးတွင်အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ မြန်မာစစ်တပ်မှတပ်သားအချို့ နမ်ခမ်းကျေးရွာဖက်သို့ပြန်လည်ဆုတ်ခွာသွားပြီး ယင်းနေရာတွင်တပ်သားအချို့နေရာချထားကြောင်းသိရှိရသည်။

မတ်လ(၉ )ရက်နေ့လည် ၄း၀၀နာရီ အချိန်တွင် ကေအိုင်အေ တပ်ရင်း(၁၄)မှ မြန်မာတပ်များနေရာချထားသည့်နေရာသို့ မမ-၈၂ ဖြင့် (၅)ကြိမ်ပစ်သွင်းခဲ့ပြီး မြန်မာတပ်များသည် နမ်မနာဂျာမော် ဖက်သို့ မမ-၆၀ နှင့် မမ-၈၁ ဟုယူဆရသောလက်နက်ကြီးများဖြင့် (၁၀)ကြိမ်ကျော် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

Leave a Reply

*