ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးနဲ့ စစ်ဘေးရှောင်စခန်းများ ရုပ်သိမ်းခြင်းအစီအစဉ်အရ မြစ်ကြီးနားနဲ့ ဗန်းမော်လမ်းပိုင်းအတွင်းရှိ နမ့်ဆန်ယန်ကျေးရွာဒေသခံများက မိမိနေရပ် ပြန်နိုင်ဖို့ စာရင်းပေးသွင်းနေကြပြီဖြစ်ပါတယ်။
မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသများတွင် စစ်ဘေးရှောင်နေတဲ့ နမ့်ဆန်ယန်ဒေသခံများက မိမိအိမ်ပြန်နိုင်ဖို့ ပြင်ဆင်ထားကြပြီဖြစ်ပေမယ့် ကျေးရွာအတွင်း စစ်ပွဲကာလတွင် ထောင်ထားသောမိုင်းများ ရှင်းလင်းခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယနေ့အချိန်ထိ လုပ်ဆောင်ပေးခြင်းမရှိကြောင်း ဒေသခံတစ်ဦးဖြစ်တဲ့ ဦးဂျန်မာဘရန်လီ ကပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးရွာအတွင်း ရှင်းလင်းရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်သေးပေမယ့် နေရပ်ပြန်ဖို့ စာရင်းပေးထားသော အိမ်ထောင်စုက (၁၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။
နမ့်ဆန်ယန်ကျေးရွာကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအဖြစ် အိမ်ထောင်စုအချို့ နေရပ်ပြန်ကြပြီဖြစ်ကာ စာသင်ကျောင်းများ ပြုပြင်မွမ်းမံပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစပြီး စတင်ကြားနေပြီဖြစ်ကာ လက်ရှိအချိန်တွင် အိမ်ထောင်စု (၁၀၀) ဝန်းကျင်နေထိုင် နေကြပြီဖြစ်တယ်ပါတယ်။