နမ့်ခမ်းကျေးရွာမှာ စေတီတည်ဖို့နေရာသတ်မှတ်ခြင်းကို ဒေသခံများကန့်ကွက်

ပူတာအိုခရိုင် နမ့်ခမ်းကျေးရွာမှာ ဗုဒ္ဓဘာသာဝင်မရှိသလောက်ဖြစ်ပေမယ့် ကျေးရွာသင်္ချိုင်းကုန်းဟောင်းတွင်  စေတီတည်းဖို့ ပြင်ဆင်မှုတွေပြုလုပ်နေခြင်းကို ဒေသခံများက ကန့်ကွက်နေကြရပါတယ်။

ထိုနေရာက အသင်းတော်အနေဖြင့် ပန်းပင်စိုက်ပျိုးပြီး လှပတဲ့နေရာအဖြစ်လုပ်ဆောင်ထားတဲ့နေရာဖြစ်တာကြောင့် ဒေသခံများကို မေးမြန်းခြင်းမရှိပဲ ရဟန်းများက ဗုဒ္ဓဘာသာအလံကို လာရောက်စိုက်ထူထားတာကြောင့် ဒေသခံများတွေ့ရှိသဖြင့် မပြုလုပ်ဖို့ ကန့်ကွက်ပြောဆိုခြင်းကြောင့် ရပ်နားထားပေမယ့် ဆက်လက်ပြီးလုပ်ဆောင်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြပါတယ်။

“သူတို့ပစ္စည်းတွေအားလုံးကို သယ်သွားကြပြီ ဟောင်းနွမ်းနေတဲ့အရာတွေကိုတော့ ဘုန်းကြီးတွေက အပေါ်ကညွန်းကြားချက်အရ ကျတော်တို့ကို ထိန်းသိမ်းဖို့ပြောကြားတာကြောင့် လာရောက်ရှင်းလင်းခြင်းဖြစ်တယ်ဆိုပြီးသူတို့ပြောပေမယ့် အလံကိုတော့ စိုက်ထူထားဆဲဖြစ်တာကြောင့် ဒေသခံတွေလက်ခံဘူးလေ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စေတီတည်ဖို့တိုက်ရိုက်ပြောဆိုလာခြင်းမရှိပေမယ့် နောက်ပိုင်းတွင်လုပ်ဆောင်ဖို့အလားအလာရှိတာကြောင့် ဒေသခံများက ကန့်ကွက်နေခြင်းဖြစ်ပါတယ်။

“စေတီတည်မယ်ဆိုပြီး တိုက်ရိုက်မပြောပေမယ့် အခြေအနေအရတော့ နောက်ပိုင်းမှာ လုပ်ဆောင်သွားဖို့ ပြင်နေတဲ့သဘောပဲ၊ သူတို့က မြန်မာစစ်တပ်အနေဖြင့် အာဏာသိမ်းလိုက်တာကို အခွင့်ကောင်းယူပြီး လာရောက်နေတာကြောင့် ကျတော်တို့က ကန့်ကွက်နေခြင်းဖြစ်တယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

Leave a Reply

*