ဒွန်ဘုန်းချောင်းဆုံတွင် ကျန်းမာရေးစောင့်ကြည့်နေရာသစ် ဖွင့်လှစ်

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီရဲ့ ညွန်ကြားချက်ဖြင့် ကေအိုင်အို ဌာနချုပ်နယ်မြေရှိ ဒွန်ဘုန်းချောင်းဆုံတွင် ကျန်းမာရေးစောင့်ကြည့်နေရာသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

ကေအိုင်အိုဌာနချုပ်နယ်မြေအတွင်း ကိုဗစ်ရောဂါကင်းစင်တဲ့နေရာတစ်ခုဖြစ်လာဖို့ ကြိုးစားအားထုတ်နေရာမှ မိမိဒေသဘက် ဝင်ရောက်လာသူများကို ကျန်းမာရေးစောင့်ကြည့်ခြင်းခံယူစေဖို့ ရောဂါပိုးရှိမရှိစစ်ဆေးခြင်းတွေ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီခေါင်းဆောင် ဗိုလ်ကြီးလဖိုင်ဇော်ယော် ကပြောပါတယ်။

အရှ့ပိုင်းတိုင်ဌာနချုပ် ကိုဗစ်တိုက်ဖျက်ရေးကော်မတီရဲ့ ထောက်ခံချက်ဖြင့် ဝင်ရောက်လာသူများကို ဒွန်ဘုန်းဇွပ် ကျန်းမာရေးစောင့်ကြည့်နေရာတွင် လက်ခံပြီး ကျန်းမာရေးစောင့်ကြည့်ခံယူဖို့ ကာကွယ်ထိုးနှံပြီး သက်သေခံလက်မှတ်၊ ဆေးရုံဆင်လက်မှတ်များကို ကြည့်ရှုကာ ရက်သတ်မှတ်ပေးသွားမှာဖြစ်ကြောင်း စောင့်ကြည့်စင်တာ တာဝန်ခံကပြောပါတယ်။

ကိုဗစ်ရောဂါပိုးရှိကာ ဆေးဝါးကုသမှုခံယူထားပြီး ဆေးရုံဆင်းခွင့်ရရှိသူများက ကျန်းမာရေးစောင့်ကြည့်ခြင်း ၁၀ ရက်သတ်မှတ်ထားကာ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူများကတော့ ၁၄ ရက်၊ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများကတော့ ၂၁ ရက် ကျန်းမာရေးစောင့်ကြည့်ခံယူရမှာ ဖြစ်ကြောင်း သိရပါတယ်။

လက်တလောမှာတော့ အရှေ့ပိုင်းတိုင်းဌာနချုပ်နယ်မြေမှ ခရီးသွားပြည်သူ ၆ ဦး ကျန်းမာရေးစောင့်ကြည့်ခံယူနေကြောင်း ဒွန်ဘုန်းချောင်းဆုံစင်တာမှ တာဝန်ရှိသူကပြောပါတယ်။

Leave a Reply

*