ဒေါ့ဖုန်းယန်မြို့တွင်း အာဏာသိမ်းစစ်တပ် တပ်စွဲနေရာယူထား

စစ်အာဏာသိမ်း အကြမ်းဖက်အုပ်စုမှ ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့ရှိ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးများတွင် ဇွန်လ ၂၀ ရက်နေ့က စတင်ပြီး တပ်စွဲနေရာယူနေတာကြောင့် ဒေသခံများ စိုးရိမ်မှုရှိနေကြပါတယ်။

စစ်အင်အား (၂၀၀) ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်များ မြို့တွင်း နေရာယူ တပ်စွဲလာခြင်းကြောင့် ဒေသခံများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိတ်ပူနေကြပါတယ်။ ယခုလို တပ်စွဲလာခြင်း အကြောင်းရင်းကို တိကျစွာမသိရှိရပေမယ့် စစ်အင်အား၊ လက်နက်ခဲယမ်းများကို သယ်ဆောင်တဲ့ စစ်ယာဉ်တန်းကို လုံခြုံရေးရယူကြတဲ့ စစ်သားများ ဖြစ်နိုင်ကြောင်း ကေအိုင်အေ ရှေ့တန်းစခန်းက ခန့်မှန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်အနေဖြင့် ဇွန်လ အစောပိုင်းကစတင်ပြီး စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများကို သယ်ဆောင်ဖြည့်ဆည်းမှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာကြောင့် ဒေါ့ဖုန်းယန်၊ နားလုံ၊ လဂျားယန်တဝိုက် ယခုတလော အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ယာဉ်တန်းတိုက်ခိုက်မှုတွေ ကေအိုင်အေက မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားလေ့ရှိနေတာပါ။

ထို့အပြင် စစ်အာဏာသိမ်းအုပ်စုမှ လွယ်မောက်နဲ့ ဒုန်ခုန်ဘက် လုံခြုံများ ရယူကာ စစ်အင်အားတိုးချဲ့မည့် စစ်ယာဉ်တန်းများကို ဖြတ်တန်းသွားလာလို့ ရအောင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

Leave a Reply

*