သျှမ်းပြည်နယ် မံစီမြို့နယ်ရှိ အများပြည်သူပိုင်နေရာတွေ အစိုရတပ် တပ်မ(၉၉) က ဒေသခံများကို သေချာတိုင်ပင်ဆွေးနွေးမှုမပြုလုပ်ပဲ စေတီတည်ခြင်းလုပ်ဆောင်တာကြောင့် ဒေသခံများကန့်ကွက်မှုတွေ ရှိနေပါတယ်။
မံစီမြို့နယ်က လူမျိုးပေါင်းစုံ နေထိုင်တဲ့ဒေသတစ်ခုဖြစ်ကာ မြို့အဝင်နေရာတွင် လွန်ခဲ့သော ၁၉၅၃ ခုနှစ်က ကချင်ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး ဒေသခံများအတူတကွပြုလုပ်ထားတဲ့ ကြာကန်တစ်ခုရှိကာ သျှမ်း၊ တအာန်း၊ ကချင်စတဲ့လူမျိုးများနဲ့ ဆိုင်တဲ့နေရာဖြစ်ကာ ဘယ်သူတစ်ဦးတစ်ယောက်မျှ ပိုင်ဆိုင်ခွင့်မရှိဖို့ သတ်မှတ်ထားတဲ့နေရာမှာ မြန်မာစစ်တပ်က လာရောက်ပြီး စေတီတည်ခြင်းလုပ်ဆောင်လာတာကြောင့် ဒေသခံများက မနှစ်မြို့မှုတွေဖြစ်ပွားနေတာပါ။
“ဒီကန်က လွန်ခဲ့တဲ့အချိန်က ဒေသခံများ ပူးပေါင်းပြီး လုပ်ဆောင်ထားတဲ့အရာတစ်ခု ဒီနေရာကို တစ်ဦးတစ်ယောက်ကမျှမပိုင်ဆိုင်ဖို့ လုပ်ထားတာ အခုတော့ စေတီလာတည်တော့ ကျတော်တို့ဒေသခံတွေက ခံစားချက်မကောင်းဘူးပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။