မြစ်ကြီးနားခရိုင်၊ ဒုန်ဘွမ် ကျေးရွာရှိအိမ်ထောင်စုအသီးသီးထံမှ အိမ်ထောင်စုစာရင်းနှင့်လူဦးရေစာရင်းတို့ကိုမြန်မာစစ်သားများ နှင့်ကျေးရွာလူကြီးများမှ ဧပြီလ(၆)ရက်နေ့ နံနက်၈း၀၀နာရီအချိန်တွင်လိုက်လံစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ မြန်မာစစ်သားများမှ ကျေးရွာသူ/သားများအား တောတွင်းလှည့်လည်ကျက်စားခြင်း၊ ရှာဖွေစားသောက်ခြင်းများ လုံးဝ မပြုလုပ်ရန်သတိပေးတားမြစ်ထားကြောင်း လည်းဆက်လက်သိရှိရပါသည်။