ထီးချိုင့်ဒေသခံများရဲ့ နေအိမ် ၁၀ ထက်မနည်းကို အကြမ်ဖက် စစ်ကောင်စီ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကျေးရွာတွင် ယနေ့ မတ်လ ၅ ရက်နေ့က အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ ဒေသခံပြည်သူများရဲ့ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းအရ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၁၂၁ မှ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထွက်လာကာ ကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံပြည်သူများရဲ့ နေအိမ် ၁၀ လုံးထက်မနည်းကို မီးတင်ရှို့ခဲ့ကြပြီး သိုလှောင်ထားတဲ့ စပါးများလည်း ပါဝင်သွားခဲ့ကာ ကျွဲနွားမျာကိုလည်း သတ်ဖြတ်လိုက်ကြောင်း သိရပါတယ်။

ယခုလို အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်နေတာ ယခင် သုံးရက်လောက်ကတည်း ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ဖြတ်သန်းဖြတ်လာသူများကိုလည်း အဓမ္မဖမ်းဆီး ရိုက်နှက်မှုတွလည်း ပြုလုပ်နေကာ မီးရှို့သတ်ဖြတ်ခံရသူများလည်းရှိကြောင်း သိရှိရသလို စာရင်းအတိအကျကိုတော့ မသိရှိနိုင်သေးကာ ပြုစုနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်တွင် အင်ဒေါင်းကျေးရွာ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြရကာ ဗန်းမော်မြို့ဘက် တိမ်းရှောင်မှုအချို့ရှိခဲ့ပြီး အချို့ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လွန်ခဲ့သော ဖေဖော်ဝါရီ ၂၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်မွေနှောက်မှု ပြုလုပ်လာခြင်းကြောင့် KIA, PDF ပူးပေါင်းတပ်နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့အပြီး ယခုလို ပိုမိုစိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ကျူးလွန်လာတာ ဖြစ်ပါတယ်။

Leave a Reply

*