ထန်ဂါးလမ်းမြေပြိုမှုဖြစ်ပွားခြင်းကြောင့် ခရီးသွားပြည်သူများအခက်အခဲကြုံ

ပူတာအို – နော့မုန်း-ပန်နန်းဒင်-ခေါလမ်ဖူဘက်ကို ဦးတည်သော ထန်ဂါးရွာအလွန်တွင် လွန်ခဲ့သောအပတ်မှစတင်ပြီး မြေပြိုမှုဖြစ်ပွားသောကြောင့် ခရီးသွားပြည်သူများ ပိတ်မိနေကြောင်း ဒေသခံပြည်သူများမှသိရှိရတယ်။

မြေပြိုမှုဖြစ်ပွားခြင်း ငါးရက်ခန့်ကြာမြင့်နေပြီဖြစ်ပေမယ့် ပြည်နယ်အစိုးရမှ အမြန်တာဝန်ယူဖြေရှင်းမှုမရှိကြောင်း၊ မြေပြိုမှုဖြစ်ပွားရာနေရာက မချမ့်ဘောကနေ မိုင်၂၀ အကွာအဝေးတွင် တည်ရှိတာဖြစ်ပါတယ်။

“ပိတ်မိနေတဲ့ပြီးသူတွေများပြီး ‌တော်တော်ဒုက္ခကြုံနေကြရပါတယ်၊ ပူတာအိုဘက်ကိုဆင်းချင်တဲ့သူကဆင်းမရ ၊ ပူတာအိုကနေတက်လာတဲ့သူတွေလဲ ဖြတ်လို့မရနဲ့ တော်တော်ဒုက္ခရောက်ပါတယ်၊ လမ်းလဲပိတ်ပြီးဖြတ်လို့လည်းမရတော့ဘူးဆိုတော့ နော့မုန်းရွာကိုဘဲ လှည့်ပြန်ရမယ့်အချိန်အနေဖြစ်‌နေပါတယ်” လို့ မြေပြိုမှုကြောင့် ပြည်သူများခက်ခဲနေကြောင်းနဲ့ ပိတ်မိနေကြောင်းကို ဒေသခံပြည်သူတဦးကဆိုပါတယ်။

အဆိုပါဒီလမ်းကို ဖြတ်သန်းသွားလာသူဦးရေနေ့စဉ် အယောက် ၅၀ ကနေ ၁၀၀ခန့်ရှိကြောင်း၊ ဒေသခံပြည်သူများတို့ရဲ့အချက်အချာကျတဲ့လမ်းအဖြစ် အသုံးပြုနေတဲ့အတွက်ကြောင့် စားနပ်ရိက္ခာပစ္စည်းများ ပို့ဆောင်ရာတွင်ပိုမိုခက်ခဲလာရပါတယ်။

အစိုးရမှတာဝန်ယူမှုလုံးဝမရှိခြင်းနဲ့ ပြည်သူတွေကိုအရေးမထားခြင်းကိုတွေ့ရှိရပြီး လမ်းအားအမြန်ပြင်ဆင်မှုမရှိရင် ဒေသခံပြည်သူများရဲ့ စားဝတ်နေရေးနဲ့ ကုန်သွယ်မှုအခန်းကဏ္ဍမှာပိုမို၍ဆိုးရွားလာနိုင်ကြောင်းကို ဒေသခံပြည်သူများမှ သိရှိရပါတယ်။

Leave a Reply

*