မန်ဂျယ်၊ ထန်ဂါ့ကုန်းတွင်ရှိတဲ့ စစ်ဘေးရှောင်ပြည်သူများ ဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်စားသောက်နေတဲ့ စိုက်ပျိုးနေရာကို တပ်မတော်အရာရှိများက ဇန်နဝါရီ ၂၃ ရက်နေ့က လာရောက်ပြီး ဖယ်ရှားပေးဖို့ ပြောဆိုကြောင်းသိရှိရပါတယ်။
ဒီမြေနေရာက ဂါးရာယန်ဒေသခံများရဲ့ မြေနေရာဖြစ်ကာ ယမန်နှစ် အောက်တိုဘာလကစပြီး ဒေသခံများက လုပ်ကိုင်စားသောက်နေတဲ့ မြေယာဧက (၆၀၀) ကျော်ကို မြန်မာစစ်တပ်အနေဖြင့် တပ်နယ်မြေအဖြစ်သတ်မှတ်လိုက်တာကြောင့် ဖယ်ရှားဖို့ပြောဆိုတိုက်တွန်းနေကြောင်း သိရပါတယ်။
“မြန်မာစစ်တပ်က ကျတော်တို့ကို ဘယ်အချိန်မောင်းထုတ်ထုတ် နင်တို့က ဖယ်ပေးရမှာပဲ ဒါ့ကြောင့် ဒီမှာစိုက်ပျိုးခြင်းတွေမလုပ်တော့ပဲနေရာဖယ်ပေးလိုက်တော့လို့ ပြောတာကြောင့် စစ်ဘေးရှောင်ပြည်သူများနဲ့ အနည်းငယ်အငြင်းအဆိုတွေဖြစ်ခဲ့ပါတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
ထန်ဂါ့ကုန်းစစ်ဘေးရှောင်ပြည်သူများ လုပ်ကိုင်စားသောက်နေတဲ့ ဒီဖွံ့ဖြိုးရေးစိုက်ပျိုးမြေနေရာကို ပိုင်ရှင်များထံခွင့်ပြုချက်တောင်းခံပြီး လုပ်ကိုင်နေခြင်းဖြစ်ကာ မန်ဂျယ်၊ ဂါးရာယန်ဒေသခံများ အစဉ်အမြဲလုပ်ကိုင်နေတဲ့နေရာလည်းဖြစ်ပေမယ့် မန်ဂျယ်တွင် တပ်စွဲထားတဲ့ တပ်မတော် ခလရ (၆၀၁)တပ်ဖွဲ့က တပ်ချဲ့ထွင်စီမံချက်ဖြင့် မြေနေရာဖယ်ကြဖို့ တိုက်တွန်းနေခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
ဒေသခံများက အစိုးရရဲ့တရားဝင်ပြေစာများဖြင့် လုပ်ကိုင်နေတဲ့နေရာဖြစ်တာကြောင့် တပ်မတော်အနေဖြင့် နေရာဖယ်ရှားဖို့ပြောဆိုလာခြင်းအတွက် အစိုးရဆီတင်ပြပြီး ဖြေရှင်းသွားဖို့ ပြင်ဆင်နေကြပါတယ်။