တံတားပျက်စီးသွားခြင်းကို ပြုပြင်ပေးခြင်းမရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲ

ချီဖွေဒေသ မိုင်တိုင် ၁၁ရှိ ရေကာတာကြိုးပေါက်မှုကြောင့် ရေကြီးပြီး ရစ်ဂျော့တံတား ပျက်စီးသွားတာ တစ်လနီးပါးကြာမြင့်လာပြီဖြစ်ပေမယ့် တာဝန်ရှိသူများအနေဖြင့် ပြုပြင်ပေးခြင်းမရှိတာကြောင့် ဒေသခံများ သွားလာရေးအခက်ကြုံနေကြရပါတယ်။

ချီဖွေဒေသခံများက ရစ်ဂျော့တံတားကို အဓိကထား ဖြတ်သန်းသွားလာအသုံးပြုနေပြီး စိုက်ခင်း၊ တောင်ယာ၊ လယ်ယာသွားခြင်းများ ပြုလုပ်နေတာဖြစ်ပြီး တံတားပျက်စီးသွားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားစေတဲ့အပြင် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ဖို့ နေအိမ်များ ဆောက်လုပ်နေချိန်ဖြစ်တာကြောင့် ဆောက်လုပ်ပြီးစီးဖို့ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“ရစ်ဂျော့ကျေးရွာကို စစ်ဘေးရှောင်ပြည်သူများ ပြန်နိုင်ဖို့ အိမ်တွေပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတာ အခုတံတားပျက်စီးသွားတော့ မလုပ်နိုင်သေးဘူးဖြစ်နေတယ်လို့ သူတို့ပြောနေတယ် အမြန်ပြန်ချင်နေပေမယ့် ဘယ်လို့မှလုပ်မရဖြစ်နေတယ်” လို့ ချီဖွေစစ်ဘေးရှောင်စခန်း တာဝန်ခံ ဆရာယောန ကပြောပါတယ်။

ရစ်ဂျော့တံတားက ဩဂုတ်လဆန်းပိုင်းတွေ ပျက်စီးသွားခြင်းဖြစ်ကာ အုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများက ၂၀၂၀ ရွေးကောက်ပွဲအတွက် အလုပ်များနေခြင်းကြောင့် တံတားပြုပြင်ဖို့အချိန်မပေးနိုင်ဖြစ်နေပြီး ဒေသခံများကတော့ အခက်အခဲတွေ့ကြုံနေရတာကြောင့် အမြန်ဆုံးပြုပြင်ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Leave a Reply

*