တောလမ်းမှ စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ်ကို ကေအိုင်အေ မိုင်းဆွဲတိုက်ခိုက်

ဖာကန့်မြို့နယ် ကံဆီးကျေးရွာအနီး ရွှေမှော်ဟောင်းတွင် ယနေ့ ဇွန်လ ၁၅ ရက်နေ့ မနက် ၈ နာရီခန့် ကံဆီးဗျူဟာကုန်းရှိ  အာဏာသိမ်းစစ်တပ် ခမရ (၁၁၁) တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။

အာဏာသိမ်းစစ်တပ် ခမရ (၁၁၁) တပ်များက လုံးခင်းကျေးရွာဘက် နမ့်ဂျန်ဘက်ကနေ ခြေလျင်ဖြင့် တပ်ရွေ့ပြောင်းနေစဉ် ကေအိုင်အေဘက်မှ စောင့်ကြိုပြီး ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကာ စစ်ကောင်စီတပ်များက အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ပြုလုပ်ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ကြောင်း သိရပါတဘ်။

ကံဆီးကျေးရွာ ဗျူဟာကုန်းတွင်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ ညနေပိုင်း ၄ နာရီခွဲအချိန်မှာတော့ ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၆) ဌာနချုပ်ဘက် လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရပါတယ်။

ကချင်ပြည်နယ် တစ်လွှား အာဏာသိမ်းစစ်တပ်အနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ တပ်စခန်းနဲ့အနီးဆုံးနေရာများဘက် စစ်ယာဉ်တန်းဖြင့် စစ်လက်နက်ခဲယမ်းများ၊ စစ်အင်အားနဲ့ ရိက္ခာများ ဖြည့်တင်းမှုတွေ ပုံမှန်လုပ်ဆောင်နေတာကြောင့် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုတွေကတော့ ဆက်ရှိနေဖို့ ရှိနေပါတယ်။

Leave a Reply

*