တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း

ကေအိုင်အေ တပ်မဟာ (၆) လက်အောက်ရှိ တပ်ရင်း (၃၆) တည်ရှိရာ ရှမ်းပြည်မြောက်ပိုင်း မုံကိုးဒေသ မန်ကောင်ကျေးရွာတွင် စက်တင်ဘာ ၁၂ ရက်နေ့ ၉ နာရီခွဲအချိန်ခန့်တွင် ကေအိုင်အေ ရှေ့တန်းတပ်ဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်၊

အစိုးရတပ် တပ်မ (၈၈) လက်အောက်ရှိတပ်တွေ ကေအိုင်အေတပ်စွဲထားရာနယ်မြေဆီ ရောက်ရှိလာတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

“တပ်ရင်း (၃၆) တပ်ဖွဲနဲ့ အစိုးရတပ်ဖို့ ကိုးနာရီကတည်းက ပစ်ခတ်မှုတွေ အခုထိတစ်ချက်တစ်ချက်ပစ်ခတ်မှုတွေရှိနေတယ်။ မြန်မာတပ်တွေ ကျတော်တို့ကေအိုင်အေ နယ်မြေကို ထိုးစစ်လုပ်ဆောင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ” လို့ရှေ့တန်းတွင် ရောက်ရှိနေသူတစ်ဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို မုံဘော မိုင်ဖန်တွင် တပ်စွဲထားတဲ့ မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှုတွေရှိတာကြောင့် တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားဖို့ ရှိနေတယ်လို့ မှန်းဆထားပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့တွင်လည်း ကေအိုင်အေ တပ်ရင်း (၃၆) နယ်မြေဖြစ်တဲ့ ခမ်လျမ်းဘွမ်ကျေးရွာတွင် MNDAA, AA တပ်ဖွဲ့များနဲ့ မြန်မာစစ်တပ် တပ်မ(၈၈)နဲ့ (၉၉) တို့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိခဲ့တာကြောင့် နီးစပ်မှုရှိနေတဲ့ မန်ကုန်းကျေးရွာသားများကို ရွေ့ပြောင်းခဲ့ရမှုတွေရှိခဲ့သလို ဒေသခံ အယောက် (၂၀၀) ဝန်းကျင်က မန်ပျဉ်းကျေးရွာ ဘုရားကျောင်းဝင်းတွင် ရွေ့ပြောင်းထားတာပဲ ဖြစ်ပါတယ်။

Leave a Reply

*