ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စည်ပင်ရုံးတွင် ယနေ့ နေ့လည် ၁ နာရီခန့်က ဗုံး ပေါက်ခွဲမှု ဖြစ်ပွားခဲ့ပြီး ရုံးစာရေးမ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပါတယ်။
ဒီဇင်ဘာလ ၁၀ရက် တစ်နိုင်ငံလုံးပြုလုပ်တဲ့ အသံတိတ်သပိတ်ကို မူဆယ်မြို့ ရှိ ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကြရာ စည်ပင်ရုံးမှ တာဝန်ရှိသူများက ဆိုင်ခန်းများကို လာရောက် မဖွင့်ပါက တစ်လ အပိတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက် အသိပေးကြေငြာခဲ့ကြောင်းသိရပါတယ်။
အဆိုပါ ပြည်သူများကို ခြိမ်းခြောက်မှုကြောင့် မူဆယ် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့ (PSDA) မှ သတိပေး ဗုံးခွဲမှု ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့မှလည်း စည်ပင်ရဲ့ ယနေ့ ကြေငြာချက်တွေကြောင့် ယခုလို အရေးယူမှု ပြုလုပ်ရကြောင်း ၎င်းတို့ Facebook page တွင် ဖော်ပြထားပါတယ်။