ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် တာလုံကျေးရွာရှိ ရေပူစမ်းအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်တပ်မဟာ (၆) တပ်ရင်း (၃၆) တပ်ခွဲ (၁) (၅) အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဇူလိုင် ၁၈ ရက် နေ့လည် ၁နာရီခွဲ အချိန်ခန့်မှ စပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

ကေအိုင်အေတည်ရှိရာ နယ်မြေဘက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် ခုခံတိုက်ခိုက်အပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့သလို လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေအထိ ဖြစ်ပွားခဲ့ပါတယ်။
“အခုတလော အဲ့ စစ်ကောင်စီအကြမ်းဖက် အဖွဲ့တွေ တီးမား၊ နောင်းအိန် စတဲ့ ရွာတွေ ဘက်မှာ လှုပ်ရှား နေကြတာ ” လို့ ရှေ့တန်းစခန်းကပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ထိခိုက်ကျရှုံးမှုအတိအကျစာရင်းကိုတော့ မသိရှိရသေးပါဘူး။