တရံအနီးစစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို ကေအိုင်အေ မိုင်းဆွဲတိုက်ခိုက်

တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲ တခက်နဲ့ တရုံကျေးရွာကြား စက်တင်ဘာ ၁၅ ရက် ယနေ့မနက် ၆ နာရီခန့်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၄၅ မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရုံကျေးရွာကနေ တခက်ကျေးရွာဘက် စစ်အင်အားတိုးချဲ့ လှုပ်ရှားမှုပြုလုပ်လာစဉ် ကေအိုင်အေဘက်မှ မိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

ထိုအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက စက်တင်ဘာ ၇ ရက်နေ့ တနိုင်း တကစတပ်မှ စစ်ရေးလှုပ်ရှားလာတဲ့အဖွဲ့ဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် တရုံချောင်းတံတားအနီးတစ်ကြိမ်၊ စက်တင်ဘာ ၈ ရက်နေ့တုန်းကလည်း လဂျာဘွမ်ကျေးရွာအနီးရှိ ဘရန်ရန်ချောင်းတွင် တစ်ကြိမ် ကေအိုင်အေတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာတဝိုက်ရှိ ဒေသခံများက လက်နက်ကြီသံ အဆက်မပျက်ကြားရတာကြောင့် ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိခဲ့ဘူးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေရာယူမှုရှိခဲ့ကာ ကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ရှိနေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမည်ကို ဒေသခံများက သတိကြီးစွာ စောင့်ကြည့်နေကြရပါတယ်။

Leave a Reply

*