တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်ပြီး ပြည်တော်ပြန်များ ပြန်လာနိုင်ရန် စီစဉ်နေ

တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို အောက်တိုဘာလမှ ပြန်လည်ဖွင့်ခဲ့သော်လည်း ရောဂါ အကြောင်းပြုပြီး ပြန်ပိတ်ခဲ့ရာ ယခုအခါ ပြန်လည်ဖွင့်ပြီး ပြည်တော်ပြန်များ ပြန်နိုင်ရန် စီစဉ်နေကြကြောင်းသိရပါတယ်။

နိုဝင်ဘာ ၈ရက်နေ့ကစတင်ပြီး ရွှေလီမြို့ကို တဖန် lockdown ချခဲ့ပြီး ၁၅ရက်နေ့တွင် ဖြေလျော့ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသား ပြည်တော်ပြန်များ ပြန်လာနိုင်ရေးကို စီစဉ်လုပ်ဆောင်နေကြကြောင်းသိရပါတယ်။ ပြည်တော်ပြန်များ ပြန်လာနိုင်ရန် စီစဉ်ရာတွင် လူအကန့်အသတ်နှင့် ဖြစ်ပြီး စာရင်းသွင်းကြရကြောင်းသိရပါတယ်။ 

ပြည်တော်ပြန်တချို့မှာ နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်များတွင် ပြန်လာကြရန် စီစဉ်မှုများရှိကြောင်းလည်း သိရပါတယ်။ ယနေ့ နေရပ်ပြန်ရန်စီစဉ်ထားသော ပြည်တော်ပြန်များကို တရုတ်အစိုးရဘက်မှ မှတ်တမ်းယူ ရိုက်ကူးမှုများ မရှိစေရန် ဖုန်းများကို သိမ်းဆည်းထားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။

တရုတ်နိုင်ငံဘက်သို့ အဝင်ကိုမူ တရုတ်နိုင်သားများတို့သာ သွားလာနိုင်ကြောင်းနှင့် ၃ရက်တစ်ခါ ဆေးစစ်မှုများ ရှိကြောင်းလည်း သိရပါတယ်။ ထို့အပြင် ကာကွယ်ဆေး မထိုးထားသော သူများကို သွားလာဖြတ်သန်းခြင်း ခွင့်မပြုကြောင်းကိုလည်း သိရပါတယ်။

Leave a Reply

*