ခေါင်လန်ဖူးဒေသရှိ မြန်မာနဲ့တရုတ်နယ်စပ် အမှတ် (၄) ဂိတ်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ပင်လိုက်ကာ လက်ရှိအချိန်မှာတော့ ခေါင်လန်ဖူးဒေသခံအချို့က အစားအသောက်ပျက်လက်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒေသခံများအနေဖြင့် ဆန် ဆီ ဆားနဲ့ ကြက်သွန်များကို တရုတ်နိုင်ငံဘက်အခြမ်းမှ ဝယ်ယူစားသုံးကြတာဖြစ်ပြီး ယခုလိုဝင်ထွက်သွားလာခွင့်ပိတ်ပင်လိုက်တာကြောင့် အစားအသောက်နဲ့ ဝင်ငွေထိခိုက်မှုဖြစ်ပွားရတာဖြစ်ပါတယ်။
ခေါင်လန်ဖူးဒေသခံများအနေဖြင့် အခြေခံစားသောက်ကုန်များကို ပူတာအိုမြို့ကနေ ဝယ်ယူစားသုံးနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ပူတာအိုကနေ ခေါင်လန်ဖူးအထိ ဆန်တစ်အိတ်ကို ၂ သိန်းဝန်းကျင်အထိ ပေးရတာကြောင့် ဝယ်ယူစားသုံးဖို့ အခက်တွေ့နိုင်ကာ ဒေသတွင်းအလုပ်လုပ်ကိုင်ဖို့လည်း အခက်ကြုံနေကြရပါတယ်။
တရုတ်မြန်မာနယ်စပ်ဂိတ်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ်လကတည်းက ပိတ်ပင်လိုက်တာဖြစ်ပြီး ခေါင်လန်ဖူးဒေသခံများ ဖြတ်သန်းသွားလာတဲ့ အမှတ် (၄) ဂိတ်ကိုလည်း တရုတ်အစိုးရက ပိတ်ပင်လိုက်တာကြောင့် ယခုလို အခက်အခဲဖြစ်ပွားခြင်းဖြစ်ပါတယ်။