ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာကန့်သတ် စည်းကမ်းထုတ်ပြန်ထားချိန် မိုင်ဂျာယန်မြို့တွင် တရုတ်နိုင်ငံနယ်စပ်ကနေ တရားမဝင် တင်သွင်းတဲ့ အရက်ဘီယာများခိုးတွင်းနေမှုကို ဩဂုတ်လ ၂၁ ရက်နေ့က မြို့တော် အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနမှ ရှာဖွေမှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

လော့ဒေါင်းကာလ မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားသောက်ကုန်းများကိုသာ တင်သွင်းခွင့်ပြုထားခြင်းဖြစ်ကာ တရုတ်နိုင်ငံမှာထုတ်လုပ်တဲ့ မြန်မာဘီယာ ဖာ ၅၀ ကျော် ခိုးသွင်းလာခြင်းကို စစ်ဆေးတွေ့ရှိတာကြောင့် သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
“ကပ်ရောဂါကာကွယ်ရင်း စိုးရိမ်ဖွယ်အချိန်ဖြစ်တာကြောင့် အရက်သေစာ မူယစ်ဆေးဝါးများကို တားမြစ်ထားတာ, ဒီရောဂါက အဆုတ်ကို ပိုပြီးပျက်စီးစေတာကြောင့် အဆုတ်ကို ဒုက္ခပေးစေတဲ့ ဒီလိုအရက်တွေကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပိတ်ပင်ထားခြင်းဖြစ်ပါတယ်” လို့ မြို့တော်ဒုတိယအုပ်ချုပ်ရေးမှူး ဆလန်ဂဘာ မခါဂမ်အောင် ကပြောပါတယ်။
မြို့တော်အတွင်းရှိ စားသောက်ဆိုင်များကို မနက်ပိုင်းကနေ နေ့လည် ၁၂ နာရီအချိန်ထိသာ ရောင်းချခွင့်ပြုပေးထားတာဖြစ်ပြီး မြို့တော် အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနအနေဖြင့် စားသောက်ကုန်တင်သွင်းတဲ့ နယ်စပ်ဂိတ်တွင် စစ်ဆေးမှုများကို အမြဲလုပ်ဆောင်နေတာဖြစ်ပါတယ်။
မိုင်ဂျာယန်မြို့တွင် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံထားရပြီး ကျန်းမာရေးစောင့်ကြည့်ခံနေသူ ၆၀၀ ကျော်ကျန်ရှိနေသေးတာဖြစ်ပါတယ်။