တပ်မဟာ ၅ ဌာနချုပ်ရှိ နှစ်ရှည်တာဝန်ထမ်းဆောင်သူများကို ဆုချီးမြင့်

တပ်မဟာ ၅ ဌာနချုပ်မှာပြုလုပ်တဲ့ နှစ် ၆၀ ပြည့်တော်လှန်ရေးနေ့တွင် ကချင်လွတ်မြောက်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးအင်ဘန်လရဲ့ တော်လှန်ရေးနေ့မိန့်ခွန်းကို အတူတကွနားဆင်ရင်း လက်ရှိတပ်မဟာအတွင်း တာဝန်ထမ်းဆောင်နေတဲ့ နှစ်သုံးဆယ်ပြည့်၊ နှစ်နှစ်ဆယ်ပြည့်နဲ့ ဆယ်နှစ်ပြည့်သူများကို ဂုဏ်ပြုဆုချီးမြင့်ခဲ့ကြပါတယ်။

ဆုချီးမြင့်ခြင်းခံရသူတွေထဲက ယခုနှစ်မှာတော့ နှစ်သုံးဆယ်ပြည်သူ တစ်ဦး၊ နှစ်နှစ်ဆယ်ပြည့်သူ ၆ ဦးနဲ့ ဆယ်နှစ်ပြည့်သူ ၁၆ ဦးတို့ဖြစ်ကြပြီး ကောင်စီဥက္ကဌမှလည်း ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့ခဲ့ပါတယ်။

တပ်မဟာအတွင်း နှစ် ၆၀ပြည့်တော်လှန်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့ကတည်းက အားကစားအစီအစဉ်များဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ တော်လှန်ရေးနေ့မှာတော့ ဆုရရှိသူများကို ဆုချီးမြင့်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

Leave a Reply

*