တပ်မတော်က မန်ဂျယ်ဒေသခံများရဲ့ (၆၁၀) ကျယ်ဝန်းတဲ့ လယ်ဧကကို ဖယ်ရှားဖို့ပြောဆိုလာ

မန်ဂျယ်ဒေသခံများ အသက်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်ဧက (၆၁၀) ကျယ်ဝန်းတဲ့နေရာကို စပါးရိတ်သိမ်းချိန်းအပြီးတွင် ဖယ်ရှားဖို့ မြန်မာစစ်တပ်က ဒေသခံများကို ပြောဆိုလာကြောင်း သိရှိရပါတယ်။

မန်ဂျယ်၊ ဂါးရာယန်တွင် တပ်ဆွဲထားသော မြန်မာတပ် ခလရ (၆၀၁) အနေဖြင့် စစ်တပ်အတွက် နေရာချထားရေးများလုပ်ဆောင်ဖို့ အစီအစဉ်ရှိတာကြောင့်ဆိုပြီး အောက်တိုဘာ (၂၆) ရက်နေ့က ဒေသခံများနဲ့ အစိုးရတာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံပြီး သဘောတူဖို့ လက်မှတ်ထိုးဖို့ တွန်းအားပေးမှုတွေရှိခဲ့တာကြောင့် ဒေသခံများနဲ့ တပ်တာဝန်ရှိသူများ အချင်းများမှုတွေအထိ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အစိုးရတပ်အနေဖြင့် လက်ရှိစိုက်ပျိုးထားသော စပါးများ ရိတ်သိမ်းအပြီးတွင် မည်သူတစ်ဦးတစ်လေမျှ ဝင်ရောက်ခွင့်မပြုကြောင်းနဲ့ ဝင်ရောက်သူများကို အရေးယူမှုတွေ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောဆိုမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတယ်လို့ သိမ်းဆည်းခံလိုက်ရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ယခုမြေနေရာများကို လယ်ယာမြေပိုင်ဆိုင်ကြောင်း အထောက်အထားများဖြင့် လုပ်ကိုင်နေတာဖြစ်ပြီး သိမ်းဆည်းသွားဖို့ရှိနေတဲ့ နေရာများက မန်ဂျယ်ဂါးရာယန်၊ အင်ဘူကထောင်၊ နမ့်ဖွယ်ကျေးရွာများ ဖြစ်ကြပါတယ်။

Leave a Reply

*