စစ်ပွဲအခြေအနေများကြောင့်မိမိတို့နေအိမ်များကိုစွန့်ပစ်ကာစစ်ဘေးရှောင်နေရသော ကဆုန်ကျေးရွာသူ/သား (၂၀၀)ကျော်အားဧပြီလ(၂၁)ရက်နံနက် ၁၀း၀၀နာရီအချိန်တွင် ကျောက်ပါလမ်းခွဲတွင် မြန်မာစစ်တပ် တပ်မ(၁၀၁)လက်အောက်မှတပ်ဖွဲ့များမှရပ်တန့်ခိုင်းထားကြောင်းသိရှိရပါသည်။ ကဆုန်ကျေးရွာနှင့် (၃)မိုင်ခန့်ဝေးသော အမှတ်(၁၁)တပ်ရင်းဌာနချုပ်ဖက်သို့ ဧပြီလ(၂၀)ရက်နေ့လည် ၂း၀၀နာရီခန့် မှစ၍မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး၊ ၃း၅၀နာရီတွင် လေယာဉ်ဖြင့်ဗုံး(၇)ကြိမ်ပစ်ချခဲ့သည်။ လက်နက်ကြီးအသံများပြင်းထန်လာခြင်းကြောင့် စစ်ဘေးတိမ်းရှောင်လာသော ကဆုန်နှင့်ဇွပ်မိုင်းကျေးရွာသူ/သား (၄၀၀)ခန့်သည် ကဆုန်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝင်းတွင် ဧပြီလ(၂၀)ရက်နေ့ကစုဝေးနေထိုင်ကြကာ၊ စစ်ဘေးပိုမိုလုံခြုံသည့်နေရာသို့ ဆက်လက်ပြောင်းရွေ့လာကြခြင်းဖြစ်သည်။