တန်ဖရဲ အသင်းတော်မှ အသင်းသားများကို အစားအသောက်ထောက်ပံ့

ကိုဗစ်-၁၉ ရောဂါကာလတွင် တန်ဖရဲ နှစ်ခြင်းအသင်းတော်အနေဖြင့် အသင်းသားများကို ဩဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ စားသောက်ကုန်များ ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။

အစားအသောက်များကတော့ ကုလားပဲ၊ ဆား၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေဖြစ်ကာ ကိုဗစ်ကာလအတွင်း ခက်ခဲမှုတွေများစွာရှိကာ ဝတ်ပြုကိုးကွယ်ခြင်း မလုပ်ဆောင်နိုင်တာကြောင့် အားလုံးအတူတကွ ဆုံဆည်းဖို့မဖြစ်နိုင်ပေမယ့် အသင်းသားများနဲ့အမြဲအတူရှိနေ အမြဲသတိရနေတာကြောင့် မေတ္တာပြကူညီခြင်းဖြစ်တယ်လို့ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ကွန်ဘောင်နော်လ ကပြောပါတယ်။

တန်ဖရဲ၊ အောင်မြင်သာစံပြကျေးရွာ ဒေသခံအများစုက မြစ်စုံ၊ ကျိန်ခရန်ချောင်းတွင်ပျော်ပွဲစားရာ နေရာများတွင် ဈေးရောင်းခြင်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပြီး ရောဂါကြောင့် လူသွားလူလာနည်းပါးခြင်း ပိတ်ပင်လိုက်ခြင်းများဖြင့် အခက်အခဲကြုံတွေ့ကြရတာဖြစ်တယ်လို့ ပြောပါတယ်။

“အခက်အခဲဖြစ်စေတဲ့အကြောင်းရင်းတွေတော့ ရှိတာပေါ့၊ လုပ်ငန်းဘာတစ်ခုမလုပ်ကိုင်ရတော့ ဒီဘက်က ကျတော်တို့အများစုက ဈေးရောင်းတာများတယ်လေ။ အဲ့ဒါတွေကို ရပ်နားခိုင်လိုက်တော့ အလုပ်မရှိတော့ဘူး၊ တောထွက်တာတွေ ရွှေရှာတာတွေလုပ်ဆောင်ပြီး တစ်ရက်စာအတွက် ကြိုးပမ်းနေကြရတာပေါ့ကွယ်” လို့ ဆရာကပြောပါတယ်။

တန်ဖရဲ နှစ်ခြင်းအသင်းတော်မှာတော့ တန်ဖရဲ၊ အောင်မြင်သာ၊ တယန်ဇွပ်နဲ့ ကျေးရွာ (၈) ရွာဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Leave a Reply

*