တနိုင်းဒေသဖက်သို့ မြန်မာစစ်တပ် မှ အပြင်းအထန် ထိုးစစ်ဆင်နေ

ယခုရက်ပိုင်းတွင်း ကေအိုင်အေ တပ်ရင်း(၁၄)နယ်မြေ၊ တနိုင်းဒေသဖက်သို့ မြန်မာစစ်တပ် မှ မတ်လ(၃)ရက်နေ့မှ တဖန် စတင် ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာကြောင်းသိရှိရသည်။

မတ်လ(၆)ရက်နေ့ နံနက်၈း၀၀နာရီအချိန်မှစ၍ မြန်မာတပ်မှ ကေအိုင်အေ ထိန်းချုပ်ရာသံလွင်ဖက်ဆီသို့ စစ်အင်အားအများ အပြားသုံးကာ ထိုးစစ်ဆင်လာခြင်းကြောင့် ဒင်ခွန်(၂)နှင့်ဒင်ခွန်မြစ်တံတား တစ်လျှောက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျှက်ရှိကြောင်း  ကေအိုင်အေသတင်းရပ်ကွက်များမှ သိရှိရသည်။

မြန်မာတပ်မှ ဂျခရီဂျူးတောင်ကုန်းမှနေ၍ နမ်ခမ်းဖက်သို့လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်နေကြာင်း လည်း ရှေ့တန်းသတင်းကြားသိရသည်။

မတ်လ(၆)ရက် ညနေ၄း၃၀အချိန်ခန့်တွင် မြန်မာတပ်မှ စစ်သည်အင်အားအဆမတန်တိုးချဲ့ကာ ထိုးစစ်ဆင်လာ ခြင်း ကြောင့်ကေအိုင်အေ တပ်ရင်း(၁၄)တပ်များ နောက်တန်းသို့အနည်းငယ်ဆုတ်ကာ နေရာယူနေလျက်ရှိသည်။

မတ်လ(၆)ရက် ညနေ၅း၅၅ အချိန်တွင် နမ်ဗြူကျေးရွာအတွင်းသို့ မြန်မာတပ်မှစစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက် လာခြင်းကြောင့် ကေအိုင်အေ တပ်မှ တိမ်းရှောင်နေရာ ယူခဲ့ရကြောင်း သိရှိရသည်။ မြန်မာတပ်မှ အင်ဂမ်ပါ၊ ဆင်ဆပါ နှင့် အောင်ဗာ ဖက်သို့ဆက်လက်၍ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း လည်းသိရှိရသည်။

နမ်ခမ်းကျေးရွာမြစ်ဆိပ်တစ်လျှောက် နေရာယူထားသော ကေအိုင်အေတပ်ရင်း(၁၄)နှင့် မြန်မာတပ်များ တိုက်ပွဲဖြစ်ပွားလိုက်၊ ပြန်ရပ်နားလိုက် ဖြစ်နေရာမှ မတ်လ(၇) ရက်နေ့ညနေ ၁း၀၀ အချိန်ထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ယင်းနေ့ နေ့လည်၂း၂၀အချိန်ခန့်တွင်လည်း နမ်ခမ်းကျေးရွာ သုသာန်တစ်ဝိုက်တွင်နေရာယူထားသော ကေအိုင်အေတပ်နှင့် မြန်မာတပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

Leave a Reply

*