တနိုင်း- လီဒိုလမ်းမတွင် ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

တနိုင်း လီဒိုလမ်းမပေါ်ရှိ ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၄၃) နယ်မြေ ကောင်ရာကျေးရွာအုပ်စု တိန်ကောက်ကျေးရွာအနီးတွင် မတ်လ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်ခန့်မှ ၅ နာရီထိ ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပုံဟောင်းဖြစ်ပါတယ်။

ရှထုဇွပ်ကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခလရ (၂၃၈)မှ ကေအိုင်အေ နယ်မြေဘက်ကို စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတာကြောင့် ကေအိုင်အေ တပ်ရင်း (၄၃) မှ ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“အခုချိန်က မြန်မာစစ်တပ်ဘက်က အလွန်အကျွန်တော့ စစ်ရေးလှုပ်ရှားခြင်းတော့ မတွေ့သေးပေမယ့် အဲ့ဒီညကဖြစ်တာက အောက်ဘက်ပိုင်းကနေ စစ်ကားတွေနဲ့တက်လာတာကြောင့် ကေအိုင်အေဘက်က ပြန်တိုက်ခိုက်လိုက်တာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်များအနေဖြင့် ကေအိုင်အေနယ်မြေဘက်ကို ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် မတ်လ ၁၉ ရက် ညနေပိုင်း ၁ နာရီအချိန်ခန့်တွင်လည်း စစ်လေယာဉ် ၂ စီးဖြင့် တနိုင်း လီဒိုလမ်းမဘက်တွင် ပျံသန်းမှုတွေရှိခဲ့ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံတွေကပြောပါတယ်။

မတ်လ ၁၅ ရက်နေ့တုန်းကလည်း တနိုင်း လီဒိုလမ်းပေါ်ရှိကျေးရွာဖြစ်တဲ့ ရှထုဇွပ်ကျေးရွာအနီး စံပြကျေးရွာတွင် ကေအိုင်အေ တပ်ရင်း (၁၄) နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည့်သူ့စစ်အဖွဲ့ တို့တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။

Leave a Reply

*