တနိုင်း-လီဒိုလမ်းရှိ ကျေးရွာများဖြစ်တဲ့ ရှထုဇွပ်၊ ဝါရာဇွပ်၊ နောင်းမီ၊ ဒွမ်ဘန်နဲ့ အချို့ကျေးရွာများရှိ စပါးစိုက်ခင်းများတွင် ယခုနှစ်မှာတော့ စပါးအထွက်နှုန်း ကျဆင်းမှုနဲ့ ကြုံတွေ့ကြရတယ်လို့ စိုက်ခင်းလုပ်ဆောင်သူများထံမှ သိရပါတယ်။
ရာသီဥတု ကမောက်ကမဖြစ်မှုကြောင့် စပါးပင်များ အချိန်မတန် ခြောက်ကပ်ပျက်စီးသွားခဲ့ရကာ ထွက်နှုန်းကလည်း မရှိဖြစ်ခဲ့ရကာ နေရာတော်တော်များများတွင် ဖြစ်ပွားခဲ့ပြီး ဧကအများစုမှာ ဖြစ်ပေါ်ခဲ့ကြောင်း ဝါရာဇွပ်တောင်သူတစ်ဦးက ပြောပါတယ်။
“အချို့လယ်ကွက်တွေကတော့ ကောင်းကြပါတယ် ဒါပေမယ့် အများစုကတော့ ဧကလိုက်ကို ပျက်စီးတယ်ဗျာ၊ ဧက ၄၀ နီးပါရှိတယ်၊ အရင်နှစ်ကထက် လျော့လွန်းတယ်၊ ဒီနှစ်ကတော့ ရာသီဥတုကြောင့်လို့ ထင်ရတာပဲ၊ စပါးသီးတွေ မပါလာတာတွေများနေတယ်၊ ဧက ၁၀ လောက်လုပ်ရင် ၃၊၄ ဧကလောက်ကတော့ ပျက်စီးနေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လီဒိုလမ်းတဝိုက်ရှိဒေသခံများက လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြသူများဖြစ်တာကြောင့် ယခုလို သီးနှံအထွက်နှုန်းလျော့ကျမှုကြောင့် ရင်းနှီးမြုပ်နှံထားမှုတွေ ဆုံးရှုံးရမည့်အလားအလာရှိနေခြင်းက ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုတစ်ခုအဖြစ် ရှိနေပါတယ်။
ယခင်နှစ်တုန်းကတော့ မိုးရွာသွန်းမှုများပြားခဲ့တာကြောင့် မိုးကောင်းချောင်းရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ရကာ လယ်ယာရေနစ်မြုပ်ပြီး စပါးအထွက်နှုန်းကျဆင်းမှုရှိခဲ့သလို ယခုနှစ်ကတော့ ပိုမိုဆိုးရွားကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။