တနိုင်းမှ ရှင်ဗွေယန်ဘက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့

ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ခွဲ လဂျားဘွမ်အနီး ဘရန်ရန်ချောင်းတဝိုက် စက်တင်ဘာ ၈ ရက် ယနေ့မနက် ၁၀ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၄၅ နယ်မြေဘက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ- ပုံဟောင်း

ထိုအာဏာသိမ်းစစ်ကောင်စီတပ်က တပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် စက်တင်ဘာ ၇ ရက်နေ့ တနိုင်း တကစမှ စစ်ယာဉ်တန်းဖြင့် စစ်ရေးလှုပ်ရှားလာသူတွေဖြစ်ကာ စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းမှာတော့ တဝှမ်ခဘက်မှနေပြီး ခြေလျင်ဖြင့် ထိုးစစ်ဆင်လာတဲ့ တပ်ဖွဲ့ဖြစ်ကြောင်း သိရပါတယ်။

ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်အုပ်စုကို ကေအိုင်အေ ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် စစ်ကောင်စီအဖွဲ့က အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့တာကြောင့် လဂျာဘွမ်ကျေးရွာရှိ ဒေသခံပြည်သူများက စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် စစ်ဘေးရှောင်နေကြရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း Kachin Sub-State ဒေသတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား၊ လက်နက်ခဲယမ်းများနဲ့ ရိက္ခာများ ဖြည့်တင်းမှုလုပ်ဆောင်နေရာ စက်တင်ဘာ ၆ ရက်နေ့မှာတော့ လာရှိုးမြို့ကနေ စစ်ယာဉ် ၁၀ စီးဖြင့် စစ်အင်အားအပြည့်ဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို  ကေအိုင်အေ တပ်မဟာ ၁၀ တပ်ရင်း ၁၇ ဒေသ စင်လီအဝင် ကြားဖြတ်ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

Leave a Reply

*