တနိုင်းတွင် KIA တပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်ရှိ နမ်ဖျက်ယန်ကျေးရွာနဲ့ တိန်ကောက်ကျေးရွာကြား ယနေ့ နိုဝင်ဘာ ၈ ရက် မနက် ၆ နာရီခန့်တွင် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း ၄၃ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၉၇ တပ်က အင်အား ၃၀ ဖြင့် တနိုင်းမြို့ကနေ ထွက်ခွာလာစဉ် နမ်ဖျက်ယန်နဲ့ တိန်ကောက်ရွာ ကြားတွင် ကေအိုင်အေတပ်မှစောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်က နမ့်ဗျူနဲ့ နမ့်ခမ့်ဘက် စစ်ရေးလှုပ်ရှားနေခဲ့ပြီး ရှာဒူဇွပ် တပ်စခန်းဘက် ပြန်လည် ဝင်ရောက်လာခဲ့တဲ့ စစ်ကြောင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

တနိုင်း-လီဒိုလမ်းပိုင်းဘက် အကြမ်းဖက် စစ်ကောင်စီတပ်မှ ခြေလျင်စစ်ကြောင်းအပြင်၊ စစ်ယာဉ်များဖြင့်လည်း စစ်အင်အားတိုးချဲ့နေပြီး လက်နက်ခဲယမ်းဖြည့်တင်းမှုနဲ့ ရိက္ခာသယ်ဆောင်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတာကြောင့် ကေအိုင်အေတပ်နဲ့ ထိတွေ့မှုတွေကလည်း ရှိနေပါတယ်။

Leave a Reply

*