တစ်လကျော်ကြာ လော့ဒေါင်းပြုလုပ်ထားတဲ့ အင်ခွမ်လကျေးရွာ ပြန်လည်သွားလာခွင့်ပြု

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ အင်ခွမ်လကျေးရွာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားခဲ့တာကြောင့် ကျေးရွာကို တစ်လကျော်ကြာ အသွားအလာကန့်သတ်ထားရှိခဲ့ရာကနေ ယနေ့မှာတော့ ပြန်လည်သွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ကုသ နှိမ်နှင်းရေး မြောက်ပိုင်းဒေသကော်မတီထံမှ သိရှိရပါတယ်။

လက်ရှိတွင် ကိုဗစ်ပိုးရှိသူ ထပ်မံစစ်ဆေးတွေ့ရှိခြင်း မရှိတော့တာကြောင့် သွားလာခွင့်ပြုလိုက်ခြင်းဖြစ်ပေမယ့် ကျေးရွာအဝင်အထွက်ဂိတ်များမှာတော့ ကျန်းမာရေးစစ်ဆေးမှုတွေကိုတော့ လုပ်ဆောင်အုံးမှာ ဖြစ်ပါတယ်။

အင်ခွမ်လကျေးရွာဒေသခံများတွင် ပိုးကူစက်ခံရယူ ထပ်တိုးလာမှုမရှိတော့ပေမယ့် ပြင်ပမှ လာရောက်သူများတွင် ပိုးတွေ့လူနာများရှိနေသေးကာ ထိုလူနာများကို သီးခြားထားရှိကာ ဆေးဝါးကုသမှု ခံယူနေသူ ၁၆ ဦးရှိကြောင်း သိရပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ အင်ခွမ်လကျေးရွာကို အောက်တိုဘာ ၂၃ ရက်နေ့ကစတင်ပြီး လော့ဒေါင်းချမှတ်ကာ ဝင်ထွက်သွားလာခွင့်ပိတ်ပင်ပင်ထားခဲ့တာဖြစ်ပြီး ကျေးရွာတွင် ကူးစက်ပျံ့နှံမှု ထိန်းချုပ်ထားနိုင်ခဲ့ပြီး စာသင်ကျောင်းများဖွင့်လှစ်ခြင်းနဲ့ ဒေသခံပြည်သူများ သွားလာခွင့်များကို ခွင့်ပြုခဲ့ပါတယ်။

Leave a Reply

*