တစ်ရက်နှစ်ကြိမ် ထုတ်လွင့်မည့် Radio NUG လာမည်

အမျိုးသားညီညွတ်ရေးအစိုးရမှ ဦးဆောင်ပြီး ‌ရေဒီယိုလိုင်းတစ်ခုကို လာမည့် ဩဂုတ်လ ၂၀ ရက်နေ့တွင် တစ်နေ့နှစ်ကြိမ်နှုန်းဖြင့် ထုတ်လွင့်သွားဖို့ရှိနေကာ ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်ရှိစေဖို့အတွက် ရည်ရွယ်ထားကြောင်း သိရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ကစတင်ပြီး မနက် ၈ နာရီတစ်ကြိမ်း ည ၈ နာရီတစ်ကြိမ်း မိနစ် ၃၀ နှုန်းဖြင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှာစမ်းသပ်ထုတ်လွင့်သွားဖို့ရှိနေတာကြောင့် မြန်မာပြည်တဝှမ်းအလိုက် နားဆင်ကြည့်ကာ အဆင်မပြေမှုများကို ပြန်လည်အကြောင်းပြန်ပေးကြဖို့လည်း အကူအညီတောင်းခံထားပါတယ်။

လက်ရှိမှာတော့ FM Radio အဖြစ် လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီမှ ထုတ်လွင့်နေတဲ့ ဖက်ဒရယ် FM အပြင် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွင့်မည့် Radio NUG လည်း ရှိလာနေပြီဖြစ်ကာ ကချင်ပြည်နယ်မှာတော့ ကေအိုင်အိုအစိုးရမှ ထုတ်လွင့်နေတဲ့ Laiza FM ဖြင့်လည်း သတင်းတွေကို နားဆင်နိုင်ပါတယ်။

Leave a Reply

*