တစ်ပတ်အတွင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂၇ ဦးသေဆုံး

လွန်ခဲ့သော အပတ် နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများနဲ့ ပဋိပက္ခဖြစ်စဉ်များတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၂၇) ဦးသေဆုံးပြီး (၁၈၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ထို့အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ အဆင်အခြင်မဲ့ အကြမ်းဖက်မှု ဖြစ်စဉ် (၂၆) ခုတွင် အပြစ်မဲ့ပြည်သူ ၁၄ ဦးသေဆုံးခဲ့ရကာ တိုက်ပွဲများနဲ့ ပဋိပက္ခဖြစ်စဉ်စုစုပေါင်း (၁၈၄) ခုရှိခဲ့ပြီး ပြည်သူစုစုပေါင်း ၃၁ ဦး ကျဆုံးသွားခဲ့ရကာ စစ်ကိုင်းတိုင်းဒေသတွင် အများဆုံးဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

*