ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမပြုလုပ်ရသေးတဲ့ ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးတစ်ခုဖြစ်တဲ့ Adenovirus Type 5 ကို ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းကော်မတီထံမှ သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၅ ရက်နေ့က စတင်တာဖြစ်ပြီး အသက် (၁၅) နှစ်အထက်နဲ့ ကျန်းမာရေးကောင်းမွန်သူများကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပြီး ထိုးနှံပေးခဲ့ခြင်းဖြစ်ပါတယ်။
Adenovirus Type 5 ကိုဗစ်ကာကွယ်ဆေးကာ အခြားသောကာကွယ်ဆေးလို ၂ ကြိမ်ထိုးနှံခြင်းမလိုအပ်ပဲ တစ်ကြိမ်သာထိုးနှံပေးရတဲ့ ကာကွယ်ဆေးဖြစ်ကာ မိုင်ဂျာယန်မြို့တွင်းရှိ တက္ကသိုလ်ကျောင်းသား အများစုကို ထိုးနှံပေးခဲ့ကာ အဆိုပါကာကွယ်ဆေးထိုးနှံသူ ၁၅၀၀ ဝန်းကျင်ရှိကြောင်းလည်း သိရပါတယ်။
မိုင်ဂျာယန်မြို့နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကာ ဆေးဝါးကုသမှုခံယူနေသူ (၂၀၂) ဦးရှိတာဖြစ်ပြီး သံသယလူနာအဖြစ် စောင့်ကြည့်ခံယူနေသူ ၃၆ ဦးရှိပါတယ်။