ဈေးဝယ်ထွက်တဲ့ စစ်ကောင်စီယာဉ် မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာရရှိ

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၂) တပ်စခန်းကနေ ထွက်ခွာလာတဲ့ ဗိုလ်အဆင့်ရှိသူနဲ့အတူ ၅ ဦးပါ ယာဉ်တစ်စီးကို ဧပြီ ၁၅ ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင် ဆဝါဒီခစားသောက်ဆိုင် အနောက်ဘက်တွင် မိုင်းဆွဲခံလိုက်ရကြောင်း သိရပါတယ်။

အဆိုပါအဖွဲ့က မော်တော်ယာဉ်ဖြင့် ဈေးဝယ်ထွက်ခွာလာစဉ် မိုင်းဆွဲခံလိုက်ရခြင်းဖြစ်ကာ ဗိုလ်အဆင့်ရှိသူ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း ၈ နာရီခွဲခန့်တွင် နန့်ယားတပ်စခန်းကနေ လွယ်ဒေါင်ကွင်းဘက် ၈၂ မမ လို့ ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ရှိခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရခြင်းနဲ့ သက်ဆိုင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ နေ့လည် ၁၁ နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှုးများကို တပ်စခန်းတွင်း ခေါ်ယူကာ ပြောဆိုမှုတွေ ရှိခဲ့သလို မည်သည့်အကြောင်းအရာများကို ပြောဆိုမှုကိုတော့ အတိအကျ မသိရှိနိုင်သေးပါဘူး။

နန့်ယားကျေးရွာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ညနေ ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မပြုလုပ်ကြဖို့ ညမထွက်ရအမိန့်ပေးထားကြောင်းလည်း သိရပါတယ်။

Leave a Reply

*