ဇုံနယ်တွေမှာတာဝန်ထမ်းဆောင်မည့်သူများကို အမှာစကားပြောကြား

ကေအိုင်အိုထိန်းချုပ်နယ်မြေ တောင်ပိုင်းဌာချုပ်ရှိဇုံနယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် အုပ်ချုပ်ရေးမှူးများကို ဇန်နဝါရီ ၇ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကေအိုင်စီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်လဖိုင်ဇော်ရော်မှ မိန့်ခွန်းအမှာစကားပြောကြားခဲ့ပါတယ်။

တာဝန်ထမ်းဆောင်ကြမည့် အုပ်ချုပ်ရေးမှူးများအနေဖြင့် အများပြည်သူကို ရှေးရှု့ပြီး တာဝန်ထမ်းဆောင်ရမှာဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းက လူမျိုးပေါင်းစုံနေထိုင်ကာ ကချင်လူမျိုးရဲ့ တော်လှန်ရေးအတွက် အရေးကြီးတာကြောင့် တာဝန်ထမ်းဆောင်သွားမည့်သူများအနေဖြင့် မေတ္တာတရားရှေ့ထားပြီး လုပ်ဆောင်ကြဖို့ ကေအိုင်စီအတွင်းရေးမှူးမိန့်ကြားခဲ့ပါတယ်။

အခမ်းအနားမှားတော့ ဌာနချုပ်ရှိ အုပ်ချုပ်သူများနဲ့ တောင်ပိုင်းဌာနဘက်တာဝန်‌ထမ်းဆောင်မည့် အုပ်ချုပ်ရေးမှူးများအနေဖြင့် ကချင်အလံတော်ကို အလေးပြုပြီး သိက္ခာတော်ရဆရာ ဆွမ်လွတ်ဂွမ်ဆိုင်က ဆုတောင်းပေးကာ အထွေထွေအုက်ချုပ်ရေးဌာနမှ တာဝန်ခံ ဦးလဗျတန်ဂွမ်းအနေဖြင့်လည်း အမှာစကားပြောကြားခဲ့ပါတယ်။

ဇုံနယ်ဘက် တာဝန်ထမ်းဆောင်ကြမည့် အုပ်ချုပ်ရေးမှူးများက အမှတ်စဉ် ၁၃ အုပ်ချုပ်ရေးကျောင်းကနေ ၃၂ ဦး တို့ပဲဖြစ်ပါတယ်။

Leave a Reply

*