ဆွမ်ပီယန်ကျေးရွာတွင် ရွှေတူးဖော်ခွင့်ပေးတာကို ဒေသခံများမလိုလား

ဆွမ်ပရာဘွမ်ခရိုင်၊ ဆွမ်ပီယန်ကျေးရွာတွင် ရွှေတူးဖော်ခွင့်ပေးထားခြင်းနဲ့သက်ဆိုင်ပြီး ဒေသခံပြည်သူများက မလိုလားသလို ဆန့်ကျင်ကန့်ကွက်နေပါတယ်။

ရွှေတူးဖော်ခွင့်ပေးထားတဲ့နေရာက ဆွမ်ပရာဘွမ်မြို့သွားရာလမ်း မြစ်ကြီးနားကားလမ်းမကြီးနဲ့ မလိခကြားတွင်ဖြစ်တာကြောင့် ရွှေတူးဖော်တဲ့ကုမ္ပဏီအနေဖြင့် လွန်ခဲ့သောနှစ်ကတည်းက တူးဖော်ခွင့်တောင်းခံထားခြင်းကို သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတဝန်ကြီးဌာနကနေ အခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ဆွမ်ပီယန်ဒေသခံများ နွေရာသီအချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ဆောင်ရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နေရာတွင် ရွှေတူးဖော်ခွင့်ပြုလိုက်ခြင်းကြောင့် ဆန့်ကျင်ကန့်ကွက်နေရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရွှေတူးဖော်ခွင့်ရရှိသွားတဲ့ ကုမ္ပဏီအနေဖြင့် လုပ်ငန်းစတင်ဖို့ ပြင်ဆင်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှာကိုလည်း စိုးရိမ်ခြင်းကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်း သက်ဆိုင်ရာအစိုးရဆီစာရေးသားပေးပို့ထားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ရွှေတူးဖော်ရေးကိစ္စနဲ့ပတ်သက်ပြီး သယံဇာတဝန်ကြီးက ဒေသခံများအနေဖြင့် စက်ယန္တရားများဖြင့် ထိုနေရာတွင် ရွှေတူးဖော်ခြင်းမပြုလုပ်ဖို့ အားလုံးဝိုင်းဝန်းကန့်ကွက်ပါက ဆွမ်ပီယန်ဒေသတွင် ရွှေတူးဖော်ခွင့်ပိတ်ပင်ပေးမှာဖြစ်ကြောင်း ကတိပြုပြောဆိုထားတာရှိကာ ဆွမ်ပီယန်ဒေသခံများအနေဖြင့်လည်း ဒေသကာကွယ်ရေးကော်မတီဖွင့်လှစ်ကာ ကန့်ကွက်မှုတွေဆက်တိုက်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

Leave a Reply

*