ဆွမ်ပရာဘွမ်ဒေသရှိ ခရင်ဒူကောင် ကျေးရွာတွင် စက်တင်ဘာ (၆) ရက်နေ့က တိရိစ္ဆာန်မွေးမြူရေးနည်းလမ်းများ ဟောကြားပို့ချခဲ့ပြီး ကာကွယ်ဆေးများလည်း ထိုးနှံပေးမှု ပြုလုပ်ခဲ့ပါတယ်။
ယခုလိုလုပ်ဆောင်ရခြင်းက ဆွမ်ပရာဘွမ်ဒေသအတွင်းရှိ တိရိစ္ဆာန်များ ရောဂါမဖြစ်ပွားစေဖို့၊ မွေးမြူရေးနည်းလမ်းများ မြင့်မားလာဖို့၊ တိုက်နိုင်သမျှသာလုပ်ဆောင်နေခြင်းမှ စီးပွားဖြစ်အထိ လုပ်ငန်းတိုးချဲ့လာနိုင်ဖို့ ရည်ရွယ်ပြီး ဆွမ်ပရာဘွမ်ဒေသ စိုက်ပျိုးမွေးမြူရေးအဖွဲ့ထံမှ သိရှိရပါတယ်။
တိရိစ္ဆာန်မွေးမြူရာတွင် ကောင်းမွန်စွာနည်းလမ်းတကျထိန်းကျောင်းကာ မွေးမြူနိုင်ဖို့ ဟောပြောပို့ချခဲ့သလို ဝက်များကိုလည်း သံကောင်ချပေးတဲ့နည်းလမ်း၊ ကျွဲနွားများကို ကာကွယ်ဆေးထိုးနှံပေးခြင်းများလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
လွန်ခဲ့သော ဩဂုတ်လတွင်လည်း မချန်းဘောဒေသ နန့်ခမ်းကျေးရွာ၊ ဆွမ်ပရာဘွမ်ဒေသရှိ ခိန်ဒူယန်ကျေးရွာ၊ ဇီဒမ်ကျေးရွာတွေမှာ အာဖရိကဝက်နာရောဂါကာကွယ်နိုင်ဖို့ ကျွေးမွေးခြင်းနည်းလမ်း၊ ဝက်အများစုတွင်ဖြစ်ပွားတတ်တဲ့ သံကောင်ချပေးခြင်းနည်းလမ်း၊ ကျွဲ နွားများတွင် ဖြစ်ပွားတတ်တဲ့ ရောဂါနဲ့သက်ဆိုင်ပြီး ကာကွယ်နည်းလမ်းများကို အသိပညာပေး အမြင်ဖွင့်မှုများ ပြုလုပ်ခဲ့ကြပါသေးတယ်။